ဖိလစ်ပိုင်သမ္မတ (Ferdinand Marcos Jr.) ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ အသက်အန္တရယ် ခြိမ်းခြောက်ခံနေရတဲ့အတွက် လုံခြုံရေး အထူးကြပ်မတ်ထားတယ်လို့ သမ္မတအိမ်တော်ကနေ ဒီကနေ စနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒုတိယ သမ္မတ (Sara Duterte) ဆာရာဒူတာတေးက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေကြောင်းနဲ့ သူသာအသတ်ခံခဲ့ရရင် သမ္မတမားကိုစ်ကိုရော သမ္မတကတော်ကိုပါ သတ်ဖို့ လူသတ်သမားကို ငှားရမ်းညွှန်ကြားထားတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပြီးနောက် သမ္မတနန်းတော်က အခုလို ထုတ်ပြန်ခဲ့တာပါ။ သူသာ အသတ်ခံခဲ့ရရင် သမ္မတ၊ သမ္မတကတော်သာမက သမ္မတရဲ့ ညီအကိုဝမ်းကွဲတော်သူ လွှတ်တော်ဥက္ကဌ Martin Romualdez ကိုပါ သတ်ဖို့ ညွှန်ကြားထားတယ်လို့ ဒုသမ္မတ ဆာရာဒူတာတေးက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့တာပါ။ ဒုသမ္မတ ဆာရာဒူတာတေးဟာ ယခင်သမ္မတဟောင်း (Rodrigo Duterte) ရော့ရီဂို ဒူတာတေးရဲ့သမီး […]
ဒုသမ္မတ ဖြစ်လာမယ့် ဗန့်က ပြောလိုက်ပါပြီ။ (၆) လအတွင်းက တရားမဝင် ဝင်ရောက်လာသူတွေ အထုပ်အပိုးပြင်ထားတော့တဲ့နော်။ ခိုးလှုံနေတဲ့သူတွေလဲ အချိုးမပြင်ရင်၊ ရာဇဝတ် ပြစ်မှု ကျူးလွန်ရင် ပြန်လွှတ်လိမ့်မယ်။ ဒီမိုကရက်တွေက ခိုလှုံခွင့်ပေးထားပြီး နိုင်ငံသားဖြစ်လာမယ့်သူတွေကို ထရမ့်တို့က မျက်စိ ဆံပင်မွှေးစူးနေပါတယ်။ ခိုလှုံခွင့်ပေးထားသူတွေ နိုင်ငံသား ဖြစ်လာပြီး ဒီမိုကရက်ပါတီကို မဲပေးမှာကို ချေမှုန်းချင်နေကြပါတယ်။ ထရမ့်လက်ထက်မှာ အပြီးချေမှုန်းပါလိမ့်မယ်။ ရိုးရိုးတော့ ချေမှုန်းလို့မရဘူး။ ရာဇဝတ်ပြစ်မှု ကျူးလွန်နေကြောင်း မှတ်တမ်းသက်သေပြနိုင်ရပါမယ်။ ပန်ဆယ်လိုတို့ မိသားစုတွေ မြန်မာပြည်သူတွေကို သတ်ဖြတ်ဖို့ လှုံဆာ်စေခိုင်းနေတာကို ထရမ့်တို့ပါတီက သိအောင် လုပ်နိုင်ရင် အပျံမ အမေရိကားကနေ ပြေးရပါလိမ့်မယ်။ ကျော်မိုးထွန်း နဲ့ […]