RNA_ဇန်နဝါရီ(၂၁)၊၂၀၂၅ခုနှစ်။ NUG အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားချုပ်နှောင်ခံရသူများအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုထားပြီး၊ ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တော်လှန်ရေးအရှိန်မြှင့်ရန် ဆောင်ရွက်သွားမည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားချင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားထားမှုအားကောက်နုတ်တင်ပြအပ်ပါသည်။ #RedNewsAgency #RNA #REDNEWS #NUG Source link
ဒေါ်ဆောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အတိုက်အခံတွေကို အကျဉ်းချဖမ်းဆီးထားပြီး အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေချိန်မှာ စစ်ကောင်စီအနေနဲ့ တရားမျှတပြီး အများလက်ခံယုံကြည်တဲ့ ရွေးကောက်ပွဲ ဘယ်လိုမှ ကျင်းပနိုင်မှာ မဟုတ်တဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အဖွဲ့ကြီးက ပြောဆိုပါတယ်။ Source link
“စစ်ကောင်စီအတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဖြစ်သွားခဲ့ပါတယ်။ ဖြူဖြူထွေး တင်လိုက်တဲ့ ကြော်ငြာရုပ်သံကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ကျဆင်းဖို့ တရားဝင်လှောင်ပြောင်ဖို့ ဖန်တီးခဲ့တယ်။ အချုပ်နှောင်က ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေကိုလျစ်လျူရှုပြီး လူအမြင်မတင့်တယ်တဲ့ ပုံဖျက်မှုနဲ့ သိက္ခာချခဲ့တယ်” ရန်ုနိင် အခုရက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုတဲ့ သတင်းစကားတွေနဲ့ နိုင်ငံတကာအာရုံစိုက်မှုတွေ အားကောင်းလာခဲ့ပါတယ်။ တော်လှန်ရေး အောင်မြင်မှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပိုမိုအသံထွက်လာတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ စက်တင်ဘာလကတည်းက တောင်းဆိုခဲ့ပါတယ်။ ဗာတီကန် နန်းတော်မှာ လာရောက်ခိုလှုံနေဖို့အထိ အလေးအနက်ထားပြီး တောင်းဆိုခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သူသားနဲ့ ရောမမြို့မှာတွေ့ဆုံနိုင်ဖို့ တောင်းဆိုပါတယ်။ ဗာတီကန်မှာ လက်ခံထားဖို့လည်း အဆိုပြုထားတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ၁၂ […]
လူမျိုးစုတွေ အနေနဲ့ “စစ်က အိမ်ရှေ့ ရောက်နေတဲ့” အနေအထားမှာ စစ်ရေး ရပ်တန့်သွားဖို့ မလွယ်သလို အချုပ်အခြာ ပြဿနာကို အိမ်နီးချင်းတွေက နားလည်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာသုတေသီ ကိုထက်မင်းလွင်က ထောက်ပြပါတယ်။ ထိုင်းမှာ ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကိုငြိမ်းချမ်းအေး မေးမြန်းထားပါတယ်။ Source link