ylliX - Online Advertising Network

ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG နဲ့ PDF ပူးပေါင်းဖျက်ဆီးဖို့ ပြင်ဆင်လာပြန်သလား

◾ ယခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG လမ်းညွှန်ချက်နှင့်အညီ တိုက်ခိုက်မှုစတင်မည်ဟု ညောင်ဦးပကဖ ခြိမ်းခြောက်၊ PDF တို့၏အဆင်အခြင်မဲ့တိုက်ခိုက်မှုကြောင့် ဘုရားပုထိုးစေတီများပျက်စီးပြီး ခရီးသွားမလာတော့မည်ကို ဒေသခံများစိုးရိမ် နေမိုး၅. ၁. ၂၀၂၄ ဒီ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံကို NUG လမ်းညွှန်ချက်နဲ့အညီ တိုက်ခိုက်မှုစတင်မယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခြိမ်းခြောက်တဲ့ရုပ်သံ ဒီနေ့မနက်မှာ ထွက်ပေါ်လာခဲ့သလို ဒီလိုမျိုး PDF တွေရဲ့ အဆင်အခြင်မဲ့တိုက်ခိုက်မှုကြောင့် ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဘုရားပုထိုးစေတီများစွာပျက်စီးပြီး ခရီးသွားမလာတော့မှာကို ဒေသခံတွေက စိုးရိမ်နေတယ်လို့ ဖွင့်ဟလာပါတယ်။ ဒီနေ့မနက်မှာ NUG ဩဇာခံ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြို့နယ်တာဝန်ခံဟာ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံမှာ ဒီ ၂၀၂၅ ခုနှစ်ထဲ တိုက်ပွဲတွေစတင်တော့မယ်လို့ လူမှုကွန်ရက်မှာ ရုပ်သံဖိုင်လွှင့်တင် ခြိမ်းခြောက်လာခဲ့တာပါ။ ဒီခြိမ်းခြောက်မှုမှာဆိုရင် ညောင်ဦးပကဖက […]

နှစ်သစ်ကူးပြောင်းစ နဲ့ လွတ်လပ်ရေး အထိမ်းအမှတ်နေ့

မြန်မာနွေဦးခရိုနီကယ် – ဇန်နဝါရီ ၃ မြင်ကွင်းမိုးမခ၊ ဇန်နဝါရီ ၄၊ ၂၀၂၅ နှစ်သစ်ကူးပြောင်းစ နဲ့ လွတ်လပ်ရေး အထိမ်းအမှတ်နေ့ ပြက္ခဒိန်နှစ်တနှစ်ကုန်ဆုံးလို့ နောက်နှစ်သစ်ကူးပြောင်းစ ရက်မှာပဲ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၇၇ နှစ်မြောက်နေ့ အချိန်အခါသမယ ဇန်နဝါရီလ ၄ ရက်နေ့ကျရောက်တော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇၇ နှစ် ၁၉၄၈ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ၃ နှစ်အကြာမှာ မြန်မာနိုင်ငံက ဗြိတိသျှအင်ပိုင်ယာရဲ့ ကိုလိုနီအဖြစ်က လွတ်ပြီး လွတ်လပ်တဲ့နိုင်ငံတနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ စတင်ဖြစ်ပွားပြီး မြန်မာနိုင်ငံ တောင်ဘက်ပိုင်း နဲ့ ရခိုင်ကို သိမ်းယူခဲ့တဲ့အချိန်က စတင်တွက်ချက်ရင် နှစ်ပေါင်း ၁၂၄ နှစ်အကြာမှာ မြန်မာနိုင်ငံ အနေနဲ့ […]

တောင်ကိုရီးယားမှာ ရဲ နဲ့ စစ်တပ် ထိပ်တိုက်တွေ့နေကြပြီ

ဇန်နဝါရီ – ၃ ( သောကြာနေ့ )  ဒီကနေ့မနက် အစောပိုင်းက တောင်ကိုရီးယားသမ္မတကို ဖမ်းဖို့လာတဲ့ ရဲတွေကို စစ်တပ်ကတားဆီးပြီး ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ နိုင်ငံတော် အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ကြေညာခဲ့လို့ လွှတ်တော်က စွတ်စွဲပြစ်တင်ခံထားရပြီး ဆိုးလ်တရားရုံးက နိုင်ငံတော်မတည်မငြိမ်ဖြစ်စေမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရုံး( CIO)က တာဝန်ရှိ ရဲအရာရှိတွေက ဒီနေ့မနက်အစောပိုင်းမှာ လာရောက်ဖမ်းဆီးတာကို သမ္မတလုံခြုံရေးစစ်တပ်( PSS) က တာဆီးပြီး သမ္မတအိမ်တော်ရာအတွင်းသို့ ဝင်ရောက်ခြင်းအား ပိတ်ဆို့ထားပါတယ်။  တောင်ကိုရီးယားရဲနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံမှုက မကြုံစဖူးတင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ထောင်နှင့်ချီသော သမ္မတကို ထောက်ခံသူများက ယွန် ၏နေအိမ်အနီးတွင် စုဝေးခဲ့ကြပြီး ဖမ်းဆီးရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့ပါတယ်။ ကြာသပတေးနေ့ကလည်း ဆန္ဒပြသူ […]

AA လိုအဆင့်ကို အဖက်လုပ် မဆက်ဆံလိုတဲ့ ဘင်္ဂလားဒေ့ရှ်၊ လက်အောက်ငယ်သားရဲ့ဇနီးကို ကိုယ်ဝန်ပျက်အောင် မုဒိမ်းကျင့်တဲ့ ပကဖနဲ့ NUG နဲ့ PDF တွေရဲ့ ပစ်မှတ်ထပ်ဖြစ်လာတဲ့ အနုပညာရှင်

၃၀. ၁၂. ၂၀၂၄Written by Phyo Wei တပ်မတော်(ရေ) က တည်ဆောက်ခဲ့သမျှထဲ အကြီးဆုံးဖြစ်တဲ့ ဖရီးဂိတ်စစ်‌ရေယာဉ် ၁ စီးနဲ့ ၆၃ မီတာ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ် ၂ စီး တပ်တော်ဝင်တဲ့ ဒီတစ်ပတ်မှာပဲ BRICS အဖွဲ့ကြီးနဲ့ စည်းစနစ်ကျနတဲ့ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်လိုတဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်းပါဝင်တယ်လို့ ရုရှားအစိုးရ ပြောကြားလာတာနဲ့ နိုင်ငံတော်အတွင်း ဒေသအချို့မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားပေမဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေနဲ့ မိမိဒေသနဲ့ မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုပြီး အကြမ်းဖက်လုပ်ရပ်တွေကိုပဲ တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေတာကို တွေ့မြင်နေရတယ်လို့ နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပြောကြားခဲ့တာလည်း မြင်တွေ့ရပါတယ်။ […]

NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Mandalay Khithit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NUG နဲ့ တရုတ်ဆွေးနွေး AA ပါဝင်။ စစ်ကောင်စီကို တရားဝင်အစိုးရမဟုတ်ဟု သတ်မှတ်ပြီ။ အစိုးရ အစစ်အမှန်ကို တရုတ် တရားဝင် ချပြပြီ’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် NUG နဲ့ တရုတ်ဆွေးနွေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် […]

PDF အကြမ်းဖက်ဘေးဒဏ်သင့် ပေါက်မြို့နယ်၊ ကုက္ကိုစုရွာအခြေအနေ (တာဝန် နဲ့ လုပ်ပိုင်ခွင့် ဆိုတာ ဘာလဲ)

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာအပါအဝင် ပြည်သူ့စစ်ကျေးရွာများမှာ စားနပ်ရိက္ခာလိုအပ်နေမှု၊ PDF အကြမ်းဖက်သမားများကို တုန့်ပြန်ခြေမှုန်းနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်မှုအခြေအနေများကို ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရဲ့ ဆက်သွယ်အကူအညီတောင်းခံမှုများအပေါ် အခြေခံပြီး ပေါက်ကိုယ်တော် အနေနဲ့လည်း တာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးဖို့ အကြိမ်အခါခါ တင်ပြခဲ့တာရှိသလို မီဒီယာများမှလည်း ဆက်သွယ်ပြောဆိုလာသည့် အခါတိုင်း ဖော်ပြပေးခဲ့ပါတယ်။ တာဝန်ရှိသူများရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဆိုတာ ဘယ်သူအတွက်လည်း ကိုယ့်အတွက်လား၊ အများပြည်သူအတွက်လား ဆိုတာကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများ ကိုယ်တိုင် ပြန်လည်ဆန်းစစ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ယခုလို အကြမ်းဖက်ဘေးဒဏ်သင့်နေတယ်။ ဒါကို မြို့နယ်အဆင့်ကလည်း ကူညီဖြေရှင်းမပေးနိုင်ဘူးဆိုရင် ခရိုင်အဆင့်ကို တင်ပြလို့ရတယ်။ ခရိုင်အဆင့်က ကူညီမှုမပေးနိုင်ဘူးဆိုရင် တိုင်းဒေသကြီးအဆင့်ထိ တင်ပြလို့ ရတယ်။ ပေါက်မြို့နယ်အတွင်းက ပြည်သူ့စစ်ကျေးရွာများမှာ စားနပ်ရိက္ခာလိုအပ်နေမှုအခြေအနေ၊ […]

ရခိုင်ပြည်နယ်အတွင်း တပ်ထုတ် နဲ့ ပြည်ပထုတ် အရက်ဘီယာတွေကို AA အာဏာပိုင်အဖွဲ့ ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့မြို့နယ်တချို့မှာ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့က အာရက္ခဒေသအတွင်း စစ်ကောင်စီထုတ်နဲ့ ပြည်ပကထုတ်လုပ်တဲ့ အရက်ဘီယာတွေကို ကွင်းဆင်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေဖော်ပြပါတယ်။အခုရက်ပိုင်းအတွင်း ဒေသထွကုန်ကလွဲလို့ ပြည်ပနဲ့ စစ်တပ်ထုတ်အရက်ဘီယာမှန်သမျှကို AA ထိန်းချုပ်ရာမြို့နယ်တွေမှာ အာရက္ခပြည်သူ့လုံခြုံရေး, တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်ပါမကျန် တဆိုင်ဝင်တဆိုင်ထွက်လိုက်လံရှာဖွေဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။ပြင်ပအရက်ရောင်းချတဲ့ဆိုင်တွေကို ပထမအကြိမ်သတိပေးပြီး ပစ္စည်းတွေ သိမ်းဆည်းခဲ့သလို နောက်နောင်တရားမဝင်အရက်သေစာတွေ ရောင်းချတာကိုတွေ့ရှိပါက အရေးယူသွားမယ်လို့ ဆိုပါတယ်။ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်အနက် ၁၃ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တာကြောင့် အာရက္ခတပ်တော် AA ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ Continue Reading Source link

ဗိုလ်မှူးချုပ်အဆင့်ရှိ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ်အပါအဝင် ရာချီတဲ့စစ်သုံ့ပန်းတွေရဲ့ အခြေအနေကိုရုပ်သံမှတ်တမ်းတွေနဲ့အတူ AA ထုတ်ပြန် မင်းအောင်လှိုင်အနေနဲ့ စစ်ရှုံးနေတာကိုလက်ခံပြီး မြေပြင်တပ်မတော်သားတွေရဲ့ အသက်ကိုငဲ့ဖို ပြည်သူတွေကိုဗုံးမကြဲဖို့ နဲ့ ဆက်လုပ်နေပါက ၂ဖက်စလုံးရဲ့အမုန်းကို မျိုးဆက်အလိုက်ခံစားရမယ်လို့ဗိုလ်မှူးချုပ်ကျော်ကျော်သန်း တိုက်တွန်း

ရခိုင်ပြည်နယ်။ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်ခဲ့တဲ့စစ်ဆင်ရေးမှတ်တမ်းတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ်အပါအဝင် စစ်သုံ့ပန်းတွေရဲ့ အခြေအနေကိုရုပ်သံမှတ်တမ်းတွေနဲ့အတူ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၂၆ ရက်ညပိုင်းမှာ ထုတ်ပြလာပါတယ်။အဆိုပါရုပ်သံဖိုင်အတွင်း နပခ တ်ိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ မြေပြင်မှာ စစ်ရှုံးနေတာကိုလက်ခံပြီး တပ်မတော်သားတွေရဲ့ အသက်ကို ငဲ့ဖို့နဲ့ ပြည်သူအပေါ် ဗုံးကြဲတာတွေရပ်တံ့ဖို့ ၊ ဆက်လုပ်မယ်ဆိုပါက တပ်မတော်သားတွေနဲ့ပြည်သူတွေရဲ့ နာကြည်းမှုကိုသာ မျိုးဆက်အလိုက်ရရှိခံစားရမယ်လို့ နေပြည်တော်ရှိစစ်ခေါင်းဆောင်တွေကို သတင်းစကားပါးခဲ့ပါတယ်။ “ဗိုလ်မှူးချုပ်ကြီးအနေနဲ့ မြေပြင်ကတပ်မတော်သားတွေရဲ့အသက်တွေဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကိုလက်ခံပေးပါ။ ပြည်သူလူထုကိုဗုံးကြဲတာနဲ့အကြမ်းဖက် တာတွေရပ်တန့်ပေးပါ။ ဆက်လုပ်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ်လို့သိစေချင်ပါတယ်”လို့ သူက စစ်ခေါင်းဆောင်တွေကို သတင်းစကားပါး တောင်းဆိုခဲ့တာဖြစ်ပါတယ်။လက်အောက်ငယ်သားတွေအနေနဲ့ ခေါင်းဆောင်မှုမပီသသူတွေရဲ့အောက်မှာ အသေခံပြီး […]

သောက နွံ ကျွံဝင်

လူရယ်လို့ ဖြစ်လာပြီဆိုရင် ပူဆွေး သောက အနည်းနဲ့အများတော့ ရှိကြစမြဲပါ။ လူတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး ပူဆွေးသောကဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွဲပြားကြပါတယ်။ တစ်စုံတစ်ခုကြောင့် သို့မဟုတ် တစ်စုံတစ်ယောက်ကြောင့် ပူဆွေးသောက ရောက်ရတယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးအတွက်ပါမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ဒီတစ်ခေါက်တော့ ပူဆွေးသောက ဖြစ်ရခြင်းကို သက်သာစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။ (၁) ကိုယ်ကြိုက်နှစ်သက်တာတွေကို လိုက်လုပ်ကြည့်ပါ Photo : SilverKris ပူဆွေး သောက ရောက်နေတဲ့အချိန်မှာ ချက်ချင်းကြီး သက်သာပျောက်ကင်းအောင် လုပ်လို့မရနိုင်ပါဘူး။ သင် ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ သင်ခံစားနေရတဲ့ ဝမ်းနည်းခြင်းဖြစ်စဉ်ဟာ သင့်ရဲ့မသိစိတ်ထဲမှာ ရှိနေမှာပါ။ တစ်ခါတစ်ရံ သင်ကိုယ်တိုင် သိသိသာသာမခံစားရဘဲလည်း နေတတ်ပါတယ်။ ဝမ်းနည်းပူဆွေးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တာကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ […]