သျှမ်းပြည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ဇွန်လတွင် စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ ထိတွေ့တိုက်ပွဲ ပစ်ခတ်မှုရှိခဲ့သည်ဟု သိရသည်။ နောင်ချိုမြို့နယ်အတွင်း အဆိုပါ တိုက်ပွဲသည် လက်ရှိအချိန်ထိ ၂ ပတ်တာခန့် ငြိမ်သက်ခဲ့သော်လည်း ဘန့်ဘွေးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် တစ်ဖက်သက် ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင်း ပြည်သူနေအိမ်များ ထပ်မံပျက်စီးနေကြောင်း နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တိုက်ပွဲက ဩဂုတ်လကတည်းက ဖြစ်တာ၊ ခုဆို ၆ လကျော်နီးပါးလောက် ရှိနေပြီ။ ခုက တိုက်ပွဲငြိမ်သွားတာ ၂ ပတ်လောက်ရှိပြီ၊ စစ်တပ်ဘက်ကပဲ လက်နက်ကြီးနဲ့ ပစ်နေတာ နေ့တိုင်းလိုလိုပဲ။ ဘန့်ဘွေးရွာကနေ ၂၅ ရက်ကနေ ၃၁ […]
နောင်ချို၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် တိုက်ပွဲများဖြစ်ဆက်လက်ပြင်း ထန်နေပြီး စစ်သားများထိခိုက်သေဆုံးမှု များပြားကာ ရှေ့တန်းရောက်တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် စစ်အသုံးအဆောင်များ လိုအပ်နေ၍ ကူညီပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။ လက်ရှိအချိန်အထိ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊တောင်ခမ်းဒေသတွင် တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိသည့်အပြင် မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများရှိကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှု ကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ကျောက်မဲရိုင် PDF တပ်ဖွဲ့နှင့် ERO တပ်ဖွဲ့များ ပူး ပေါင်းကာ ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။ […]
တောင်ခမ်းတွင် လတ်တလော တိုက်ပွဲရပ်နေသော်လည်း ထိုစခန်းကို အားဖြည့်ရန် ရှမ်းပြည်နယ်တောင် ပိုင်းမှတဆင့် လာသော စစ်ကူတပ်များကို DPLA နှင့်ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်နေသည်။ Source link
သျှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံးပတ်အတွင်း ဒေသခံ (၁၇) ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ကထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ဒေသခံ (၁၇)ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာကာ နေအိမ်အများပြား ပျက်စီးသွားခဲ့ သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ စစ်ကောင်စီမှ တပ်ကြီးကုန်း ကျေးရွာသို့ နိုဝင်ဘာလ (၂၀)ရက်နေ့ ညနေပိုင်းနှင့် သန်းခေါင်ယံအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး(၄) ကြိမ်လာရောက်ကြဲချမှုကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်မှ ပြည်သူများကိုဦးတည်ကာ လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင် လာနေသောကြောင့် ဒေသခံများကို လူစုလူဝေးမပြုလုပ်ရန် နှင့် လေကြောင်းရန် ကာကွယ်ရန် အသိပေးထုတ်ပြန်ချက်များကို လိုက်နာရန် ပြောဆိုထားသည်။ နောင်ချို […]
နေပြည်တော် နိုဝင်ဘာ ၅ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က နောင်ချို၊ လှိုင်သာယာ နှင့် ကလောမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၃ ရက်နေ့ ၁၄၀၀ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီးတွင် ဂမ်ဖန် နှင့် အောင်ထွန်းလင်း တို့အား မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အတွင်း သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၁,၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၄၃၂ သိန်း)၊ ဘိန်းဖြူ အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဂမ်ဖန်(၂၃)နှစ် နှင့် အောင်ထွန်းလင်း(၃၆)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ […]
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့စဉ် ဆက်တိုက်ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ တတိယပတ်မှ စတင်၍ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က မြေပြင်ထိုးစစ် စတင်လာပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့သည်။ နောင်ချိုမြို့နယ် ဂန့်ကော်နှင့် တောင်းခမ်းဒေသတို့တွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ယနေ့ ( အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအထိ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း အသက် (၄၀) နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အောက်တိုဘာ ၂၆-၂၇ တစ်ညလုံး တစ်နေကုန် မနားပဲပစ်တာ၊ လက်နက်ကြီးကော သေနတ်သံကော ကြားရတယ်။ တိုက်ပွဲက […]
နေပြည်တော်၊ အောက်တိုဘာ ၂၇ နောင်ချိုမြို့နယ်၊ ဂန့်ဂေါ်ဒေသတွင်ဆုတ်ခွာထွက်ပြေးနေသော TNLA အကြမ်းဖက်အဖွဲ့ကို ယနေ့ တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့များက ထပ်ကြပ်မကွာ လိုက်လံချေမှုန်းခဲ့ကြောင်း သိရသည်။ Drone များ၊ အမြောက်များဖြင့် လိုက်လံချေမှုန်းနေသလို စစ်ကြောင်းများမှလည်း ချေမှုန်းလျက်ရှိရာ TNLA အကြမ်းဖက်အဖွဲ့ အကျအဆုံးများစွာဖြင့် ဆုတ်ခွါ ထွက်ပြေးနေကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ တစ်ရက်တည်းမှာပင် TNLA အကြမ်းဖက်သမား ၁၇ လောင်း ရရှိပြီး Type-81 သေနတ် ၃ လက်၊ RPG ဗုံးသီး ၃၇ လုံး၊ ပိုကျည် ၂၉ တောင့်၊ ကျည် ၅၂၀၀ တောင့်ကျော်၊ အီနာဂါ ၈ လုံး၊ ကျည်အိမ် ၃၃ ခု၊ […]