(မိုးမခ) ဇန်နဝါရီ ၁၉ ၊ ၂၀၂၅ အနာဂတ်ကို သံစဥ်ရှာဘို့ ကဗျာတွေဟာ ဆွံ့အလာတယ်။ ကျိုးပဲ့လာတဲ့ ကဗျာပိုင်းစတွေမှာ ရိုးသားကြပါ နိုးကြားကြပါ ကိုယ်ကျိုးစွန့်ကြပါ သံစဥ်ဟောင်းတွေဟာ စက္ကူပျော့ဖတ်တွေလို ရေဇလုံပေါ်မှာ ပေါလောပေါ်လို့။ ကားအသစ် အိမ်အသစ် မိန်းမအသစ် နိုင်ငံအသစ်ဆိုတဲ့ သံစဥ်သစ်တွေဟာ တမ်းချင်းသစ်တွေလို နွားတင်းကုတ်ဟောင်းထဲ လုယက်နေရာဝင်ယူနေကြ။ နိုင်ငံရေးနဲ့စစ်ရေး လက်ဝဲနဲ့လက်ယာ တောင်ပိုင်းနဲ့မြောက်ပိုင်း ခွဲသူတွေကခွဲ တွဲသူတွေကတွဲ ခွဲရေးတွဲရေးလုပ်နေကြတာ လွတ်လပ်ရေးမရခင်ကအတိုင်းဘဲ။ လိမ်ညာမှုတွေ ဟန်ဆောင်မှုတွေ အကျင့်ပျက်မှုတွေဟာ ဒုတိယနိုင်ငံပေါ်က ပျက်လုံးသစ်တွေအဖြစ် ကမ္ဘာတလွှားကိုစီးဆင်း မြစ်တစင်းလို မရိုးရှင်းကြ အနှစ်မပါ အမေတ အနှစ်မပါ ပြည်သူတ ဇွတ်သာသာ ထောက်ခံနေရ ဇာတ်ထဲက တိမ်ကြားမင်းခေါင် ယောင်တောင်တောင် ကတဲ့ဇာတ်ပွဲ။ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ထွက်လာတဲ့အပုတ်နံ့ ဖုံးသူကဖုံး […]