ylliX - Online Advertising Network

နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း တရုတ်နိုင်ငံက အလေးထားပြောကြား – MyanmarNationalPost

ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၉  နိုင်ငံတကာဥပဒေပြုမှုသည် နိုင်ငံအနည်းစု၏အထူးလုပ်ပိုင်ခွင့်မဟုတ်ကြောင်း၊ အချို့သောနိုင်ငံများသည် ယေဘုယျသဘောတူညီမှုမရှိသည့်အခြေအနေနှင့် သိသိသာသာ သဘောထားကွဲလွဲမှုရှိသည့်အခြေအနေတွင် နိုင်ငံတကာဥပဒေပြုမှုကို အတင်းအကျပ်ဖော်ဆောင်ခြင်းက ပြိုကွဲမှုကိုသာဖြစ်စေမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က အောက်တိုဘာ ၁၈ ရက်တွင် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆဋ္ဌမမြောက်ကော်မတီ “ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး” အကြောင်းအရာ ပါဝင်ဆွေးနွေးရာ၌ အလေးထားပြောကြားခဲ့သည်။ ကိန်းစွမ်က နိုင်ငံတကာတရားဥပဒေစိုးမိုးမှုကို မြှင့်တင်ခြင်းသည် ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ရေး၊ အတူတကွဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ပြီးပြည့်စုံစေရေးအတွက် အခြေခံနှင့် အာမခံချက်ဖြစ်ကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” တွင် နိုင်ငံတကာဥပဒေ၏ အခြေခံမူဝါဒကို ချမှတ်ခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အခြေခံပြုမူလုပ်ဆောင်မှု သတ်မှတ်ချက်များကို ချမှတ်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာစနစ်အခြေခံကို အုတ်မြစ်ချခဲ့ပါကြောင်း၊ […]