ylliX - Online Advertising Network

နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆောင်းရာသီရောက်တော့ အခုက သက်ကြီးပိုင်း လူတွေအတွက်ကတော့ စောင်တွေလိုအပ်နေတာ။စောင်နဲ့ အနွေးထည်ကတော့ လှူတဲ့အဖွဲ့အစည်းက မရှိသလောက်ပါပဲ။ဆောင်းရာသီရောက်နေတော့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက်က အလှူရှင်ရှိဖို့တော့ မျှော်လင့်ပါတယ်။ကျန်နေတာက သက်ကြီးပိုင်းနဲ့ကလေးတွေက ပိုများတယ်လေ။”ဟု စစ်ဘေးရှောင်ကူညီသူအမျိုးသားတစ်ဦးက ပြောသည်။ စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်ထဲတွင် အမျိုးသမီး၊ ကလေးနှင့် သက်ကြီးပိုင်း ပိုများသည့်အတွက် […]