ylliX - Online Advertising Network

ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပွဲတော်ပြက္ခဒိန်များ နှစ်စဉ်ထုတ်ဝေနိုင်ရေး ကြိုတင်ပြင်ဆင်သွားကြရန် လိုအပ်

နေပြည်တော် အောက်တိုဘာ ၃၁ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မိမိတို့နယ်မြေအတွင်း ပြည်တွင်း ပြည်ပခရီးသွားများအတွက် ဆွဲဆောင်မှုရှိပြီး သွားလာလည်ပတ်သင့်သော ခရီးစဉ်ဒေသ လမ်းကြောင်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးတက်လာစေရေး တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေးနှင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦကဏ္ဍတွင် ဦးစားပေးရင်းနှီး မြှုပ်နှံမှုများ မြင့်မားလာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများနှင့် အများပြည်သူများကို ရှင်းလင်းချပြ ဆွေးနွေးနိုင်သည့် Tourism Investment Forum များပြုလုပ်ရန် လိုအပ်ကြောင်း၊ ပြည်တွင်း ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ပွဲတော်ပြက္ခဒိန် […]