၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏ မိသားစုအပေါ် စွပ်စွဲချက်များသည် လုံးဝအတုအယောင်ဖြစ်ပြီး အပုပ်ချဝါဒဖြန့်မှုသာဖြစ်ကြောင်း ရာထူးမှဖြု-တ်ချခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏သားလည်းဖြစ် အကြံပေးလည်းဖြစ်သူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံပိုင် Rosatorm က ကျောထောက်နောက်ခံပေးခဲ့သည့် Rooppur နျူစွမ်းအင်စက်ရုံစီမံကိန်းတွင် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးခဝါခြမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။ လျှပ်စစ်ဓါတ်အား ၁၂၀၀ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်မည့် စွမ်းအင်စက်ရုံနှစ်ခုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ဟာစီနာ၊ သားဖြစ်သူ ဆဂျက်ဘ်ဝါဇတ်၊ တူမဖြစ်သူနှင့် ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး […]