ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက နိုင်ငံခြားဧည့်သည်များအကြားရေပန်းစားသည့်နေရာများတွင် တာဝန်ချထားခြင်းဖြစ်သည်ဟုသိရသည်။ “ဒီအဖွဲ့တွေက သွေးပေါင်ချိန်တိုင်းတာ၊ သွေးတွင်းသကြားဓာတ်စစ်ဆေးတာလိုမျိုး အထွေထွေကျန်းမာရေးစစ်ဆေးခြင်းတွေကို ပေါင်းစပ်ထားတဲ့အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေပါဝင်လို့ ခရီးဆက်သွားတဲ့အခါ အများပြည်သူတွေ စိတ်အေးလက်အေးနဲ့ လုံခြုံမှုရှိစေမှာပါ” ဟုလည်း ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။ ဆေးခန်းတိုင်းတွင် လူနာသယ်ယူပို့ဆောင်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် နှစ်ဘီးတပ်လူနာတင်လှည်းများအပါအဝင် ဆေးဝါးကုသရေးကိရိယာများလည်းတပ်ဆင်ထားသည်ဟုသိရသည်။ ခရစ္စမတ်နှင့်နှစ်သစ်ကူးအားလပ်ရက်များတွင် အင်ဒိုနီးရှားနိုင်ငံသား သန်း ၁၁၀ ခန့်သည် ခရီးသွားကြလိမ့်မည်ဟုလည်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ Source : ရှင်းဟွာ Source link