ရခိုင်ပြည်၊ မောင်တောဒေသရှိ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ အမှတ် ၅နယ်ခြားစောင့်စခန်း နခခ ၅ ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်း ဒီနေ့ ညနေပိုင်းမှာ AA က ထုတ်ပြန်ကြေညာပါတယ်။အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေတာကြောင့် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု ကို ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုယ်လွတ်ရုန်းပြေးသွားပြီး မောင်တောမြို့ အမှတ် ၅နယ်ခြားစောင့်စခန်း -နခခ ၅ကို AA မသိမ်းမီ ပိတ်မိနေကြောင်း စစ်ကောင်စီတပ်သားတွေ ပြောဆိုထားတဲ့ရုပ်သံဖိုင်ဟာလဲ ဒီနေ့မှာ လူမှုကွန်ယက်မှာပျံ့နှံ့လာပါတယ်။ နခခ ၅ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေပြီး ရခိုင်ပိုင်နက် […]
မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ ရန်ကုန်| ဒီဇင်ဘာ ၈ ရခိုင်ပြည်၊ မောင်တောဒေသတွင် မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု AAက ပိတ်ပင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က […]
နတ်မြစ်အတွင်း ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးကို ရခိုင်လက်နက်ကိုင် AA ပြန်ပေးဆွဲ – Myanmar Transparency News Source link