ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ လက်နက်ကြီး အမြောက်စခန်း တောင်စောက်တောင်ကို AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။အမ်းမြို့နဲ့ မိုင် ၂၀အကွာက အမ်း- ရိုးမရှိ တရုတ် သဘာဝဓာတ်ငွေ့ ဂတ်စ်လိုင်း ဖြတ်သန်းရာ နေရာဖြစ်တဲ့ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း တောင်စောက်တောင်အမြှောက်စခန်းနဲ့ အလုပ်ရုံခွဲကို အာရက္ခတပ်တော် က ဇန်နဝါရီ ၅ ရက်က သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။တောင်စောက်တောင် စခန်းဟာ တရုတ်ကုပ္မဏီဝန်ထမ်း တချို့နဲ့ မြန်မာနိုင်ငံသား အလုပ်သမားတချို့ရှိတဲ့ စစ်ကောင်စီရဲ့ လုပ်ငန်းခွင်နေရာဖြစ်ပြီး အဆိုပါ စက်ရုံရဲ့ ပြင်ဘက်မှာ အမြှောက်တပ် အထိုင်ချထားကာ နပခမကျခင်ထဲက လက်နက်ကြီးပစ်ကူနေတဲ့စခန်းဖြစ်ပြီး အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီလို့ သိရပါတယ်။ အမ်းကို AAသိမ်းပြီးနောက် […]
အမ်း နပခကို စစ်ကူလာတဲ့ တပ်မ ၈၈ စစ်ကြောင်းတစ်ကြောင်းလုံးရှင်းခံရပြီးနောက် အလောင်း ရာချီနဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းပိုက်ရရှိကြောင်း AA က ထုတ်ပြန်ပါတယ်။အမ်းနဲ့ ဂွကိုစစ်ကူလာတဲ့ စစ်ကြောင်းတွေ အားလုံးချေမှုန်းခံရပြီး အဲဒီ စစ်ကြောင်းမှာ ဧရာဝတီတိုင်း ပုသိမ်နဲ့ ရန်ကုန်အခြေစိုက်တပ်ရင်းတွေပါ ပါဝင်နေ တယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။စစ်ကောင်စီဟာစစ်အင်အားမလုံလောက်တော့တာကြောင့် စစ်မဖြစ်တဲ့ ဧရာဝတီနဲ့ ရန်ကုန်က တပ်ရင်းတွေ တပ်သားသစ်စုဆောင်းခံရသူတွေကိုပါ ရခိုင်ကို စစ်ကူပို့နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။အမ်းကို စစ်ကူပေးဖို့တက်လာတဲ့ တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုကို နိုဝင်ဘာလ (၂၈) ရက်၊ မနက် (၈) နာရီ (၃၅) မိနစ်မှာ အမ်းမြို့ မြောက်ဘက်၊ ရိုးတောင်ရဲ့ လမ်းမထက် တစ်နေရာမှာ အာရက္ခတပ်တော်က စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစစ်ကြောင်းမှာ […]