ylliX - Online Advertising Network

စစ်ဆင်ရေး (၁) နှစ်ပြည့်အတွင်း ပလက်ဝအပါအဝင် မြို့ ၁၀မြို့နဲ့ နပခရှိ တပ်ရင်းတပ်ဖွဲ့ ၇ခုကို AA သိမ်းယူထားပြီးဖြစ်ကြောင်း ကြေညာ

အာရက္ခဒေသစစ်ဆင်ရေး (၁) နှစ်ပြည့်ကာလအတွင်း ပလက်ဝအပါအဝင် မြို့ ၁၀မြို့နဲ့ နပခထဲက တပ်ရင်းတပ်ဖွဲ့ ၇ခုကို AA သိမ်းယူထားပြီးဖြစ်ပြီး ကျန် တပ်ရင်း ဌာနချုပ် ၁၀ခုထက်မနည်းကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း အာရက္ခတပ်တော် AA က ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့တဲ့ အရက္ခဒေသစစ်ဆင်ရေးဟာ အခု ၂၀၂၄ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့မှာ တနှစ်ပြည့်မြောက်ပြီဖြစ်ပြီး တနှစ် အတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်မှုနဲ့ စစ်ရေးရည်မှန်းချက်တွေကို ထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှာ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီနယ်ခြားစောင့်စခန်း အပါအဝင် စစ်ရေးအရအရေးပါပြီး အားနည်းတဲ့တပ်စခန်းများကို အာရက္ခတပ်တော်က ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်ခိုက်မှုများနဲ့အတူ စစ်ကောင်စီစခန်းများကို တစ်ခုပြီးတစ်ခု မရပ်မနားဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဒါကြောင့် ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ […]