နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၄။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပလျက်ရှိသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တန်းခွဲများအလိုက် ကျောင်းသား/ကျောင်းသူများက အပြေးပြိုင်ပွဲများ၊ ဘော်လီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများနှင့် စာအုပ်ရွက်ပြိုင်ပွဲများ၊ ဇကောရွက်ပြိုင်ပွဲများ၊ ခြေထောက်နှစ်ဖက်ပူးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ တန်းခွဲများအလိုက် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို ဌာနဆိုင်ရာများမှ […]
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူးနေရာများ၌ ခေါ်ယူခန့်ထားရန်အတွက် လျှောက်လွှာများအား စိစစ်လက်ခံပြီးဖြစ်ရာ ဖြေဆိုခွင့်ရရှိသည့် အမည်စာရင်း၊ ဖြေဆိုခွင့်ကတ်ပြားထုတ်ယူရမည့် နေ့ရက်နှင့် ဖြေဆိုရမည့် နေ့ရက်တို့ကို အသိပေးကြေညာခြင်း (၂-၁-၂၀၂၅ ရက်၊ နေပြည်တော်) Source link
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မေယုလမ်းနှင့် စိန်ပန်းပြာလမ်းထောင့်၌ (၂၈-၁၂-၂၀၂၄) ရက်နေ့(၂၃:၅၀)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝပျက်စီးခဲ့သော လူနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁၅၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၁၅၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁)ပုံးတို့အား (၂၉-၁၂-၂၀၂၄) ရက် နေ့၊(၁၆:၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_dec_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားမူကြိုကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပျဉ်းမနား မြို့နယ်၊ ပျဉ်းမနားမူကြိုကျောင်းတွင် မူကြိုကျောင်းသား/သူ(၁၀၀)ဦးအား သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ဥတ္တရသီရိ မြို့နယ်၊ ဥတ္တရသီရိမူကြိုကျောင်းတွင် မူကြို ကျောင်းသား/သူ (၈၀)ဦး အား သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၂-၂၀၂၄) ရက်နေ့၊ (၁၂း၅၀)အချိန်တွင် ပြည်ထောင်စုနယ် မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၄၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၃)ပုံး၊ အိမ်ထောင်စု (၃)စုစာတို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ (၂၁-၁၂-၂၀၂၄) ရက်နေ့၊ (၁၁း၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_dec_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနား တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။ နေပြည်တော်၊ ဒီဇင်ဘာလ ၉ Source link
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က)ရွှေနံ့သာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲ၌ ဌာန ဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများစုစုပေါင်း (၂၀၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးမျှဝေခဲ့ပြီးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၂၄) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၅) နာရီအထိ တပ်ကုန်းမြို့နယ်၊ နွယ်ရစ် ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာရှိ အ.လ.က ကျောင်းဝန်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးဇော်မိုးလွင်၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လ/ ထ ညွှန်မှူး ဦးကျော်နိုင်ဦး၊ အမှတ် (၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တပ်ကုန်း) မှ ရဲအုပ် ဝေဖြိုးဦး၊ ရွှေမြို့နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထား၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေး နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၄၀၀) […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/ရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၂၇ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နောက်ခံဆိုင်းဘုတ်ဗီနိုင်း တပ်ဆင်ထားရှိမှုအခြေအနေများ၊ ပြည်နယ် နှင့်တိုင်းဒေသကြီးအလံများ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လျှာထိုးကြမ်းခင်း ခင်းကျင်းပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အလေးမအားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက် နှင့်စနူကာအားကစားရုံ၊ တင်းနစ်ပြိုင်ပွဲကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ(၃)တွင် […]