ရန်ကုန်၊ ဒီဇင်ဘာ ၁၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ရိက္ခာပို့ဆောင်ရန် ထွက်လာသည့် စစ်ရေယာဉ် ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Nga Moe Yeik Column တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စစ်ရေယာဉ် ၂ စီးဖြင့် အုန်းပင်ဆိပ်ကမ်းမှ ကံကြီးကုန်း ပျူစောထီးရွာနှင့် အမြင့်ရဲစခန်းကို ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာပို့ရန် ထွက်လာစဉ် Nga Moe Yeik Column တပ်ဖွဲ့မှ […]
ဒု-စစ်ခေါင်းဆောင်ဟာ မုံရွာ စစ်ဌာနချုပ်ကို ရောက်ရှိစဉ်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပေမဲ့ ထိခိုက်မှုရှိမရှိ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒုတပ်ချုပ် စိုးဝင်း အသတ်ခံရတာ MRTV ကိုယ်တိုင် အတည်ပြုလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ရေးသားမျှဝေမှုတွေမှာ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းလိုက်ပါလာတဲ့ စစ်ယာဉ် မိုင်းဆွဲခံရပြီး ပွဲချင်းပြီးသေဆုံးတယ်၊ PDF တွေ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးတယ်စသဖြင့်ဖော်ပြပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်ရှိလာတဲ့ ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်မှု တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းဌာနကတွေကဖော်ပြပါတယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။ […]