ylliX - Online Advertising Network

TNIA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုရှိလာ  – သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း TNIA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးဝါးစတင်ပြတ်လပ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း စုံစမ်း သိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် ဆေးရုံ ၊ ဆေးခန်း နှင့် ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှု စတင်လာသဖြင့် ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံများ အချို့ စိုးရိမ်နေကြောင်း နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ဆေးဝါးပြတ်လပ်သည့်ထဲတွင် ငှက်ဖျားဆေးသည် နမ့်းခမ်းမြို့နှင့် မူဆယ်မြို့နယ် ဘက်တွင် လုံးဝပြတ်လပ်သွားခြင်းကြောင့် ၎င်း ငှက်ဖျားရောဂါ ခံစားနေရသည့် ဒေသခံတစ်ဦးသည် အသက် အန္တရာယ်ထိ စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။ ၎င်းတို့ အပြန်အလှန်ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် နမ့်ခမ်းမြို့သည် ရွှေလီမြို့နှင့် မူဆယ်မြို့နယ်ကိုသာ ဝမ်းစာအတွက် အဓိက အားထားရသည့် ဒေသ တစ်ခုဖြစ်သည်။ “လက်ရှိ ဆေးရုံ၊ ဆေးခန်း […]