အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၏ ထိပ်သီး ခေါင်းဆောင်ပိုင်း ၁ ဦး အပါအဝင် ၅ ဦးကို ဖမ်းဆီးထားကြောင်း မီဇိုရမ် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ကပ်လျက် တည်ရှိသော Mamit ခရိုင်၊ Saithah ရွာအစွန်တွင် ဖမ်းမိသည့် လက်နက်များမှာ AK 47 မောင်းပြန်ရိုင်ဖယ် ၆ လက်၊ ကျည်ဆန် ၁၀,၀၀၀ ကျော်၊ ကျည်ကတ် ၁၃ ခု ဖြစ်သည်၊ ပြည်နယ်အတွင်း လက်နက်ခဲယမ်း အများဆုံး သိမ်းဆည်း ရမိမှုတစ်ခုဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့၏ ဇန်နဝါရီလ ၁၅ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် အင်္ဂလိပ်ဘာသာနှင့် ဖော်ပြထားသည်။ CNF ခေါင်းဆောင်၏ အမည်ကို ထုတ်ပြန်ချက်တွင် […]