ylliX - Online Advertising Network

စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်​​ပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသ

စေတုတ္တရာ ,  ဒီဇင်ဘာ ၁၉ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝင်းသိန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် လွတ်လပ်ရေး၏ အဓိပ္ပာယ်များ၊ လူငယ်လူရွယ်များအနေဖြင့် မျိုးဆက်သစ်တို့ ဆက်လက်ထိန်းသိမ်းရမည့် နေ့ထူးနေ့မြတ်များနှင့် လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းအကြောင်းအရာများ၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းသင်ခန်းစာအပြင် အားလပ်ချိန်တွင် အသိပညာဗဟုသုရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိသည့်အကျိုးကျေးဇူးများ အကြောင်းကို အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် သုတ၊ ရသစာအုပ် စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းဖတ်ရှုနိုင်ကြောင်း ပြောကြားသည်။ ယင်းနောက် […]

ရွှေတောင်မြို့နယ် (အ.လ.က) အမြောက်တပ်ကျောင်း နှင့် (အ.မ.က)ကံသုံးဆင့်(မ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင် နှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

  ရွှေတောင်  ၊  နိုဝင်ဘာ-၁၄ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊  (အ. လ.က)အ မြောက်တပ်ကျောင်းနှင့် အမက ကံသုံးဆင့် (မ)ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက  အ ခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့ယ်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင် နှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။        ရှေးဦးစွာ(အ. လ.က) အမြောက်တပ်ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ် မော်မော်နှင့် အ.မ.က ကံသုံးဆင့် (မ)ကျောင်းအုပ်ဆရာကြီး ဦးသက်ပိုင်စိုးတို့ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဒေါ်ငြိမ်းငြိမ်းသန့်က  ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မား စေရန်၊ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ နှင့် နောက်ခံသမိုင်းကြောင်း၊လူကုန်ကူးမှုတားဆီးရေးအသိပညာပေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ဆင့်က […]