တောင်ကိုရီးယား နိုင်ငံမှာ လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ရတဲ့ လေယာဉ် ပျက်ကျခဲ့တဲ့ နေရာမှာ ဘိုရင်း လုပ်ငန်းက ကိုယ်စားလှယ်တွေ အပါအဝင် အမေရိကန် စုံစမ်းစစ်ဆေးရေး အဖွဲ့က အင်္ဂါနေ့မှာ စစ်ဆေးခဲ့ပါတယ်။ Source link
ဆီးရီးယားမှာအနိုင်ရလိုက်တဲ့ HTS သူပုန်တပ်ဖွဲ့က သူတို့တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေနေဖို့ အာဏာရှင်ဟောင်း Bashar al-Assad လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့သူတွေအတွက် အဖိုးနှုန်း သက်သာစွာနဲ့ နေထိုင်ခွင့်ပေးထားတဲ့ အိမ်ယာတွေကနေ မောင်းထုတ်နေပါတယ်။ အဆောက်အဦးပေါင်း ဒါဇင်နဲ့ချီရှိပြီး လူတွေရာနဲ့ချီ နေထိုင်နေကြတဲ့ Muadamiyat al-Sham (မူရာဒါမီရတ် အယ်လ် ရှမ်) အိမ်ယာဝင်းဟာ အရင် အာဆတ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အရာရှိတွေအတွက် ဆောက်ပေးထားတဲ့ အိမ်ယာဝင်းဖြစ်ပြီး အခု မောင်းထုတ်ခံရတဲ့အထဲပါဝင်တဲ့ အဆောက်အဦးအများအပြားထဲက တခုအပါအဝင်ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံရဲ့စစ်တပ်ကို အသစ်ပြင်ဆင် ဖွဲ့စည်းမှုတွေလုပ်ဆောင်နေပြီး အာဏာရှင်ဟောင်း အာဆတ်လက်ထက်က စစ်သားတွေကို စစ်မှုထမ်းခွင့် ရုပ်သိမ်းလိုက်တာကြောင့် အခုလို အိုးအိမ်တွေ စွန့်ခွာပေးကြရတာဖြစ်ပါတယ်။ အရင်က နှစ်ပေါင်းများစွာ ဆင်းရဲငတ်ပြတ်စွာနဲ့ ကျေးလက်ဒေသမှာ နေထိုင်ခဲ့ကြရတဲ့ တော်လှန်ရေး အဖွဲ့တွေဟာ သူတို့လူတွေအတွက် နေထိုင်ရေးကို အလျင်အမြန် […]
စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ရဲတပ်ဖွဲ့၊ စစ်တပ် နဲ့ အဆင့်မြင့် တာဝန်ရှိသူများ ဆိုင်ရာ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး ရုံး (CIOHO) တို့နဲ့ ဖွဲ့စည်းထားပြီး ဦးဆောင်အဖွဲ့ CIOHO က ဆိုးလ်မြို့ အနောက်ပိုင်း ခရိုင်တရာရုံးမှာ လျှောက်ထားတာကို အတည်ပြုပါတယ်။ Source link
တောင်ကိုရီယား လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုမှာ လိုအပ်တဲ့ အကူအညီမှန်သမျှပေးဖို့ အမေရိကန်ဖက်က အသင့်ရှိတယ်လို့ သမ္မတ Joe Biden က ပြောပါတယ်။ တောင်ကိုရီယားနဲ့ အမေရိကန်ပြည်ထောင်စုအကြား နီးကပ်တဲ့မဟာမိတ်ဖြစ်တာနဲ့အညီ၊ ဒီအဖြစ်အပျက်ကြောင့် နစ်နာဆုံးရှုံးမှုတွေအတွက် အမေရိကန်ပြည်သူတွေအနေနဲ့ စိတ်မကောင်းဖြစ်မိတယ်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ အသင့်ရှိပါတယ်လို့ သမ္မတအိမ်ဖြူတော်ထုတ်ပြန်ချက်မှာ အမေရိကန်သမ္မတ Biden က ပြောဆိုထားပါတယ်။ လေယဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးရာမှာ တောင်ကိုရီယားကို အကူအညီပေးဖို့ ဘိုရင်းလေယာဉ်ကုမ္ပဏီနဲ့ အမေရိကန်ပြည်ထောင်စုလေကြာင်းထိမ်းသိမ်းရေးဌာနအပါအဝင် အမေရိကန် စုံစမ်းရေးအဖွဲ့ကို ဦးစီးဦးဆောင်ပြုထားတယ်လို့လည်း အမေရိကန်ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးဘေးကင်းလုံခြုံမှု ဘုတ်အဖွဲ့ကလည်း X လူမှုကွန်ယက်မှာ ရေးသားပါတယ်။ Jeju လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်ဟာ လေယာဉ်ပြေးလမ်းချော်ပြီး ကာထားတဲ့တံတိုင်းကို ဝင်တိုက်မိရာက မီးလောင်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၇၉ ဦး […]
ဝန်ကြီးချုပ် Ibrahim က မလေးရှားအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရ ချိန်မှာ ဒေသတွင်း စည်းလုံးညီညွတ်မှု ပိုမို ထိရောက် ခိုင်မာရေးကို သူ ဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်း ဘေဂျင်းမှာ တရုတ်ဗဟိုရုပ်သံ (CCTV) နဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ အာဆီယံအဖွဲ့ အနေနဲ့ နိုင်ငံတွေကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နိုင်ငံရေး တည်ငြိမ်စေဖို့ အပါအဝင် မရေမရာ ဖြစ်နေတဲ့ စိန်ခေါ်မှုကြီးမားတဲ့ ကိစ္စရပ်မျိုး တွေကိုပါ ရင်ဆိုင်ဖြေရှင်းဖို့ ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အောက်တိုဘာလ တုန်းက လာအိုမှာ ကျင်းပတဲ့ ၂၇ ကြိမ်မြောက် တရုတ်- အာဆီယံ ထိပ်သီး အစည်းဝေးမှာ တရုတ်- အာဆီယံကြား လွတ်လပ်တဲ့ […]
ဘောလတစ်ပင်လယ် ထဲက ဆွီဒင်ရေပိုင်နက် ထဲမှာ ဆက်သွယ်ရေး ကေဘယ်လိုင်း ၂ ခု အဖြတ်အတောက် ခံခဲ့ရပြီးတဲ့ နောက် တလ ကျော်လောက် အကြာမှာ အခု ခရစ်စမတ်နေ့က ဖင်လန်ကနေ အက်စ်တိုးနီးယားကို လျှပ်စစ်ပေးနေတဲ့ Estlink 2 ရေအောက် ကေဘယ်လ်လိုင်း ပင်မလိုင်းကနေ အဖြတ်တောက်ခံ ခဲ့ရတာ ဖြစ်ပါတယ်။ အခုလို တမင် အဖျက်အဆီး ခံရတာအတွက် စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်း အဖြစ် ရုရှားဆိပ်ကမ်းကနေ ထွက်ခွါလာတဲ့ Eagle S ရေနံတင် သဘောင်္ကို စုံစမ်းစစ်ဆေးနေကြောင်း ဖင်လန်အာဏာပိုင် တွေက ကြာသပတေးနေ့က ကြေညာပါတယ်။ ဖင်လန်သမ္မတ Alexander Stubb က အခုအခြေနေကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပြီး၊ အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို […]
အစ္စရေး စစ်တပ်ကတော့ ဒီဆေးရုံနားမှာ ရှိနေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေး လုပ်ခဲ့ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီဆေးရုံဟာ အကြမ်းဖက်အဖွဲ့တွေ အဓိက အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာ ဖြစ်လာပြီး အဲဒီမှာ အကြမ်းဖက် လှုပ်ရှား သူတွေ ဆက်လက်ပုန်းခို နေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၂၃ အောက်တိုဘာ အစ္စရေး- ဟားမတ်စ် စစ်ပွဲ စတင်ချိန်ကစပြီး ဟားမတ်စ် တွေဟာ အစ္စရေးတပ်တွေကို တိုက်ခိုက်ရာမှာ ဆေးရုံတွေကို ဟားမတ်စ်ကွပ်ကဲရေး စခန်းတွေ အဖြစ် အသုံးချနေတယ်လို့ အစ္စရေးစစ်တပ်က မကြာခဏ စွပ်စွဲလေ့ရှိ ပါတယ်။ ဟားမတ်စ်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။ အစ္စရေးစစ်တပ် ကတော့ အသေးစိတ် အချက်လက်တွေ ထည့် မပြောပဲ၊ သူတို့ဟာ […]
ယူကရိန်းတို့ဖမ်းမိတဲ့ ဒဏ်ရာရထားသူမြောက်ကိုရီးယားစစ်သားဟာ ဒဏ်ရာနဲ့သေဆုံးသွားပြီလို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာနက ဒီနေ့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့က မြောက်ကိုရီးယားစစ်သားတယောက်ကို ယူကရိန်းဘက်က အရှင်ဖမ်းမိပေမဲ့ ရရှိထားတဲ့ပြင်းထန်ဒဏ်ရာတွေကြောင့် တရက်အကြာ ဒီနေ့မှာ သေဆုံးသွားတယ်ဆိုတာ မဟာမိတ် ထောက်လှမ်းရေးဌာနတွေရဲ့ အတည်ပြုချက်ရတယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးဌာန NIS က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ယူကရိန်းကိုတိုက်ခိုက်နေတဲ့ရုရှားဘက်ကတိုက်ပေးဖို့ မြောက်ကိုရီးယားက စစ်သားတသောင်းကျော် စေလွှတ်ထားတယ်လို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ယူကရိန်းတို့က ခန့်မှန်းထားပါတယ်။ တိုက်ပွဲတွေအတွင်း မြောက်ကိုရီးယား စစ်သား ၃,၀၀၀ လောက် သေဆုံးဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelensky က လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ပြောကြားထားပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေးကတော့ ဒဏ်ရာရ သေဆုံးသူ ၁,၀၀၀ လောက်ရှိမယ် လို့ ခန့်မှန်းပါတယ်။ […]
အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့တဲ့ One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းရဲ့ချစ်သူကောင်မလေး ကိတ် ကက်စီဒီဟာ လီယမ်ပိန်းရဲ့သေဆုံးမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုအတွက် အာဂျင်တီးနားရဲတပ်ဖွဲ့ကို ကူညီပေးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ကိတ်က သူ့ချစ်သူ လီယမ်ပိန်း မသေဆုံးခင် နှစ်ရက်အလိုမှာ အတူရှိခဲ့တာဖြစ်လို့ စုံစမ်းစစ်ဆေးမှုမခံယူခဲ့ရပါဘူး။ သူက အာဏာပိုင်တွေကို လီယမ်ပိန်းနဲ့ပတ်သက်ပြီးသက်သေထွက်ဆိုချက်တွေတော့ ပေးသွားမှာဖြစ်ပါတယ်။ ကိတ်က တရားမျှတမှုယူဆောင်လာပေးမယ့် အမှန်တရားဘက်တော်သားတွေကို လိုချင်တာပါ။ လီယမ်ပိန်းဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေက သူ့ကိုခြောက်လှန့်နေတုန်းပါပဲ။ လီယမ်ကို မူးယစ်ဆေးဝါးပေးတဲ့သူတိုင်းကို တရားစွဲသင့်တယ်လို့ ကိတ်ရဲ့နီးစပ်သူတစ်ဦးက ဆိုထားပါတယ်။ ရဲတပ်ဖွဲ့တွေက လီယမ်ရဲ့သူငယ်ချင်းရိုဂျာ နိုရက်စ်အပါအဝင် လူတော်တော်များများအပေါ် အာရုံစိုက်ကာစုံစမ်းနေပါတယ်။ ရိုဂျာကတော့ အခင်းမဖြစ်ပွားမီ လီယမ်ကို စွန့်ပစ်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။ “ကျွန်တော် လီယမ်ကို ဘယ်တုန်းကမှ ပစ်မထားခဲ့ဘူး။ အခင်းမဖြစ်ပွားခင် မိနစ် ၄၀ လောက်မှာ ကျွန်တော် […]
အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးပြုပြင်ပြောင်းလဲမှုနဲ့ အမေရိကန်နဲ့ သမိုင်းဝင် နျူကလီယား သဘောတူညီချက် ရေးဆွဲခဲ့သူ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကြာသပတေးနေ့က ကွယ်လွန်သွားပါပြီ။ သက်ကြီးရောဂါကြောင့် ဆေးကုသမှုခံနေရသူ ဝန်ကြီးချုပ်ဟောင်းဟာ ကြာသပတေးညနေက နေအိမ်မှာ ရုတ်တရက် သတိလစ်သွားခဲ့တာ ကြောင့် နယူးဒေလီက All India ဆေးသိပ္ပံမှာ လက်ခံကုသပေး ခဲ့ရတာ ဖြစ်ကြောင်း ဆေးရုံက ကြေညာချက် ထုတ်ပြန်ပါတယ်။ မန်မိုဟန်ဆင်းဟာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ သက်တမ်းအကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ် သလို တည်ကြည်ပြီး ဂုဏ်သိက္ခာရှိသူ အဖြစ်ထင်ရှားပါတယ်။ သူဟာ အလုပ်ကြံခံရတဲ့ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ ဇနီး ဆိုနီရာ ဂန္ဒီရဲ့ နေရာမှာ အစားထိုး တာဝန်ယူဖို့ […]