ylliX - Online Advertising Network

ထိုင်းတွင် ဟိုတယ် မီးလောင်မှုကြောင့် နိုင်ငံခြားသား၃ ဦးသေဆုံး – BUR.MIZZIMA.COM

ပုံစာ-မီးလောင်ရသည့်အကြောင်းရင်းကို မသိရသေးပေမယ့် ဟိုတယ်ကို ပိတ်လိုက်ပြီး အချက်ပေးစနစ်အား စုံစမ်းစစ်ဆေးဖို့ မြို့တော်ဝန်က အမိန့်ပေးထားပါတယ်။ AFP ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ ကမ္ဘာလှည့်ခရီးသွားတွေအတွက် နာမည်ကျော်ကြားတဲ့နေရာက ဟိုတယ် တခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ နိုင်ငံခြားသား သုံးဦး သေဆုံးကာ၊ လူ ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့တော် အာဏာပိုင်တွေက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။  ဘတ်ဂျတ်ခရီးသွားတွေအကြား ရေပန်းစားတဲ့ ခေါင်ဆန်လမ်းအနီးရှိ အမ်ဘာဟိုတယ်မှာ တနင်္ဂနွေနေ့ညက ဖြစ်ပွားခဲ့တဲ့မီးလောင်မှုကြောင့် အမျိုးသမီးတဦးမှာ အခန်းတွင်း သေဆုံးခဲ့ပြီး၊ အမျိုးသားနှစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့ပါတယ်။ အခြားနိုင်ငံခြားသားငါးဦးနဲ့ ထိုင်းနိုင်ငံသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး အဖွဲ့က တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။  မီးသတ်သမားတွေက အခင်းဖြစ်ပွားတဲ့ ခြောက်ထပ်ဟိုတယ်ကို ငါးမိနစ်အတွင်း ရောက်ရှိလာခဲ့ပြီး ကရိန်းသုံးစီးနဲ့ လူ ၇၅ ဦးကို […]

တောင်ကိုရီးယားလေယာဉ်ပျက်ကျမှုမှာ အနည်းဆုံး လူ ၆၀ ကျော်သေဆုံး

တောင်ကိုရီးယားနိုင်ငံက မွမ်အပြည်အပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ခဲ့တဲ့ လေယာဉ်တစ်စင်းဟာ ပြေးလမ်းချော်ကာ အကာနံရံကိုဝင်တိုက်ပြီး ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသူ အနည်းဆုံး ၆၂ ဦး ရှိတယ်လို့ တောင်ကိုရီးယားအမျိုးသားမီးသတ်ဌာနက ပြောပါတယ်။   ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာဖြစ်တဲ့ လေယာဉ်မတော်တဆမှုထဲကနေ လူနှစ်ဦးကို အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့တွေဟာ လေယာဉ်အမှုထမ်းတွေ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ခရီးသည် ၁၇၅ ဦးနဲ့ လေယာဉ်အမှုထမ်း ခြောက်ဦးတို့ကိုတင်ဆောင်လာတဲ့  Jeju လေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ကိုးနာရီဝန်းကျင်မှာ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းက လေဆိပ်ကိုဆင်းသက်ပြီး သိပ်မကြာခင်မှာပဲ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောပါတယ်။   ဒါပေမဲ့ ထိခိုက်သေဆုံးမှု အရေအတွက်ကိုတော့ […]

ဆီးရီးယားရဲ့ တော်လှန်ရေးတပ်ဖွဲ့အများစုကို တပ်ပေါင်းစုကြီးအဖြစ် မြင်ရမယ်

ဆီးရီးယားကို လက်ရှိဦးဆောင်နေတဲ့ အာမက် အယ်လ်ရှာရာနဲ့ အာဏာရှင် အာဆတ်ကို ဖြုတ်ချခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံး တပ်တစ်တပ်ထဲအဖြစ် ပေါင်းစည်းကြဖို့ သဘောတူညီမှုရခဲ့တယ်လို့ ယမန်နေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။   တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ Hayat Tahrir al-Sham (HTS) ရဲ့ ခေါင်းဆောင် အာမက်အယ်လ်ရှာရာနဲ့ ကျန်အဖွဲ့ခေါင်းဆောင်တွေဟာ လက်နက်ကိုင်တပ်တွေ အားလုံးကို ဖျက်သိမ်းပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာ တပ်တစ်တပ်တည်းအဖြစ် ပေါင်းစည်းကြဖို့ သဘောတူညီမှုရခဲ့ကြတယ်လို့ ဆီးရီးယား အထွေထွေအုပ်ချုပ်ရေးအဖွဲ့က အသိပေးပါတယ်။     ဒါပေမဲ့ ဆီးရီးယား‌အရှေ့မြောက်ပိုင်းက  ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကတော့ သဘောတူညီချက်မှာ မပါဝင်ဘူးလို့ ကြေညာပါတယ်။ […]

ကာဇန်မြို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရအပြီး ယူကရိန်းကို ပိုမိုဖျက်ဆီးပစ်မယ်လို့ ပူတင်ကြိမ်းဝါး

ရုရှားနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ကာဇန်မြို့ကို ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့မှာပဲ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းနိုင်ငံကို ပိုပြီးဖျက်ဆီးပစ်မယ်လို့ ကြိမ်းဝါးပြောဆိုလိုက်ပါတယ်။   ရုရှား- ယူကရိန်း နယ်စပ်ဒေသကနေ ကီလိုမီတာ ၁၀၀၀ (၆၂၀ မိုင်)အကွာဝန်းကျင်မှာရှိတဲ့ ဇိမ်ခံတိုက်ခန်းတစ်ခုကို ထိမှန်ခဲ့တဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြီးတစ်ခုကို ယူကရိန်းဘက်က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားဘက်က စွပ်စွဲပြောဆိုထားတာလည်း ဖြစ်ပါတယ်။   ရုရှားလူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံထဲမှာတော့ ဒရုန်းတစ်စင်းဟာ မှန်တွေကာရံထားတဲ့ အထပ်မြင့်အဆောက်အအုံတစ်ခုကို ထိမှန်ပေါက်ကွဲခဲ့တာကို တွေ့မြင်ရပြီး အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေမရှိဘူးလို့ ဖော်ပြကြပါတယ်။   “(ကျွန်တော်တို့ကို) ဖျက်ဆီးပစ်ဖို့ ဘယ်သူတွေက ဘယ်လိုပဲ ကြိုးပမ်းကြပါစေ။ သူတို့တွေရဲ့ ဖျက်ဆီးခြင်းထက် အဆများစွာပိုတဲ့ ပျက်စီးခြင်းတွေကိုပဲ သူတို့ခံစားရပါလိမ့်မယ်။ ပြီးတော့  ကျွန်တော်တို့ နိုင်ငံထဲမှာသူတို့တွေ […]

မြန်မာနယ်စပ်အနီး ထိုင်းလေပိုင်နက်သို့ လေယာဉ်တစ်စီး ဝင်လာ၍ အရေးပေါ်စုံစမ်း – Dawei Watch

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖုတ်ဖရဒေသ ထိုင်းလေပိုင်နက်ထဲသို့ အမျိုးအစားမသိရသော လေယာဉ်တစ်စီး ဝင်လာသဖြင့် ထိုင်းဂျက်ဖိုင်တာလေယာဉ်နှစ်စီး အရေးပေါ်လွှတ်တင်ခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အမျိုးအစားမသိရသော လေယာဉ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ထိုင်းလေပိုင်နက်ထဲသို့ ဝင်ရောက်လာခဲ့သဖြင့် ထိုင်းဘက်က F-16 ဖိုက်တာဂျက်လေယာဥ်နှစ်စီးဖြင့် ကင်းထောက်စုံစမ်းခဲ့ရကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ထိုင်းလေပိုင်နက်ထဲတွင် အမြင့်ပေ ၄၀၀၀ မှ ၅၀၀၀ ကြားပျံသန်းခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ဆိုသည်။ ယင်းလေယာဉ်အမျိုးအစားကို ကင်းထောက်နိုင်ရန်အတွက် ဂျက်ဖိုက်တာ လေယာဉ်နှစ်စီးကို အမြင့်ပေ ၇၀၀၀ ကျော်အထိ ပျံသန်းစေပြီး ထောက်လှမ်းစေခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ သို့သော်လည်း ဂျက်ဖိုက်တာလေယာဉ်နှစ်စီး ရောက်ရှိလာသောအချိန်တွင် အဆိုပါလေယာဉ်သည် ပိုင်နက်ထဲက ပြန်လည်ထွက်ခွာသွားပြီးနောက် လေဒါထဲက ပျောက်ကွယ်သွားခဲ့ကြောင်း […]

အမေရိကန်ပြည်ထောင်စုရှိ Starbucks ကော်ဖီဆိုင်များမှ အလုပ်သမားများက ငါးရက်ကြာ သပိတ်မှောက်မှုစတင်

အမေရိကန်ပြည်ထောင်စုရှိ Starbucks ကော်ဖီဆိုင်များမှ အလုပ်သမားများက ငါးရက်ကြာ သပိတ်မှောက်မှုစတင် – Myanmar Transparency News Source link

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လေတပ်အဆင့်မြှင့်ဖို့ တရုတ်နိုင်ငံထုတ် J-10 C ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ စဉ်းစားနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လေတပ်အဆင့်မြှင့်ဖို့ တရုတ်နိုင်ငံထုတ် J-10 C ဂျက်တိုက်လေယာဉ်တွေဝယ်ယူဖို့ စဉ်းစားနေ – Myanmar Transparency News Source link

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောကို စွပ်စွဲပြစ်တင် – BUR.MIZZIMA.COM

အေအက်ဖ်ပီ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုအတွက် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောကို ယနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပါလီမန် လွှတ်တော်အမတ်တွေက စွပ်စွဲပြစ်တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ “ပြည်သူတွေရဲ့ အောင်ပွဲ” ပဲလို့ အတိုက်အခံတွေက ကြေညာပါတယ်။ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ယွန်းဆော့ယောရဲ့ မအောင်မြင်တဲ့ ကြိုးပမ်းမှုနောက်ပိုင်း ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တောင်ကိုရီးယားမှာ သီတင်းတပတ်ကြာ နိုင်ငံရေးလိပ်ခဲတည်းလည်း အခြေအနေတရပ်ဖြစ်ပြီး အခုလွှတ်တော် မဲခွဲမှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သမ္မတယွန်းဆော့ယောကို ရာထူးကနေ နုတ်ထွက်စေရေး စွပ်စွဲပြစ်တင်တဲ့ အဆိုကို ဒီနေ့မှာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်အနိုင်ရခဲ့ချိန် ဆိုးလ်မြို့ လမ်းတွေပေါ်မှာ မြောက်များစွာသော ထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေရောဟာ အပြိုင် စုဝေးရောက်ရှိခဲ့ကြပါတယ်။ စွပ်စွဲပြစ်တင်ခံရတဲ့ ယွန်းက မဲခွဲမှုအပြီး ရုပ်သံမိန့်ခွန်းတခုမှာ ပြောကြားရာမှာ […]

တောင်ကိုရီးယားသမ္မတအပေါ် စွပ်စွဲမှုအဆို အောင်မြင်သွားလို့ ရာထူးတာဝန်များရပ်ဆိုင်း

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်အပေါ် စွပ်စွဲပြစ်တင်ရေးအဆို အောင်မြင်သွားတာကြောင့် ၎င်းသမ္မတကို ဥပဒေအရ အပ်နှင်းထားတဲ့ ရာထူးတာဝန်တွေရပ်ဆိုင်းပြီး ဝန်ကြီးချုပ်ထံလွှဲပြောင်းရမယ်လို့ သိရပါတယ်။အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့ပတ်သက်လို့ သမ္မတယွန်းဆွတ်ယိုးလ်အပေါ် စွပ်စွဲပြစ်တင်တဲ့အဆိုကို ပထမအကြိမ် မအောင်မြင်ခဲ့တဲ့အတွက် ဒီကနေ့(ဒီဇင်ဘာ ၁၄ ရက်)ဒေသစံတော်ချိန် ညနေပိုင်းက ဒုတိယအကြိမ်အဖြစ် ပါလီမန်မှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာတော့ ထောက်ခံမဲ ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ မဲ၊ ကြားနေမဲ ၃ မဲ၊ ပယ်မဲ ၈ မဲတို့နဲ့ အဆိုအောင်မြင်ခဲ့တာပါ။ယခုလို စွပ်စွဲပြစ်တင်တဲ့အဆို အောင်မြင်ဖို့အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃၀၀ အနက်၊ အနည်းဆုံး ၂၀၀ တို့က ထောက်ခံရမှာဖြစ်ပြီး အဲဒီ ထောက်ခံမဲအနည်းဆုံး ၂၀၀ ပြည့်ဖို့ အာဏာရ PPP ပါတီလွှတ်တော်ကိုယ်စားလှယ် ၈ ဦးတို့က ထောက်ခံဖို့ လိုအပ်တာဖြစ်ပါတယ်။ […]

၂၀၂၄ အတွင်း ကမ္ဘာတစ်ဝှမ်းက သတင်းထောက် အယောက် ၅၀ ကျော်သတ်ဖြတ်ခံရ

ဒီနှစ် ၂၀၂၄ ထဲမှာ ကမ္ဘာတစ်ဝှမ်းက သတင်းထောက် ၅၄ ဦးဟာ လုပ်ငန်းခွင်ထဲရှိနေချိန် ဒါမှမဟုတ် သူတို့ရဲ့ အလုပ်အကိုင်ကြောင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။   သတ်ဖြတ်ခံရတဲ့ သတင်းထောက် သုံးပုံတစ်ပုံဟာ အစ္စရေးစစ်တပ်ရဲ့ လက်ချက်ကြောင့်ဖြစ်ပြီး ဂါဇာဒေသမှာ ၁၆ ဦးနဲ့ လက်ဘနွန်မှာ နှစ်ဦး စုစုပေါင်း သတင်းထောက် ၁၈ ဦးတို့ရဲ့ သေဆုံးမှုအတွက် အစ္စရေးစစ်တပ်မှာ တာဝန်ရှိတယ်လို့လည်း RSF က ဆိုပါတယ်။   အစ္စရေးစစ်တပ်ရဲ့ သိမ်းပိုက်ထားခြင်းခံရတဲ့ ပါလက်စတိုင်းနယ်မြေဟာ သတင်းထောက်တွေအတွက် အန္တရာယ် အရှိဆုံးနယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အခြားဒေသတွေထက် သေဆုံးသူအရေအတွက် ပိုများတယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့အထိ အချက်အလက်တွေပါဝင်တဲ့ RSF […]