ဝါရှင်တန်၊ဒီဇင်ဘာ ၁၂ SpaceX တည်ထောင်သူ Tesla စီအီးအို အီလွန်မတ်စ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၄၀၀ ဘီလျံရှိသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း Bloomberg Billionaires Index ၏ဖော်ပြချက်အရသိရသည်။ SpaceX ၏ မကြာသေးမီက အတွင်းပိုင်းရှယ်ယာရောင်းချမှုများက မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုကို မြှင့်တင်ပေးခဲ့ပြီး ရှယ်ယာအရောင်းအ၀ယ်က ၎င်း၏ပိုင်ဆိုင်မှုကြိ ဒေါ်လာ ၅၀ ဘီလျံအထိ မြင့်တက်စေခဲ့သည်။ ယင်းအပြင် SpaceX ရဲ့ စုစုပေါင်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၅၀ ဘီလျံအထိရှိလာစေခဲ့ပြီး ဤအနေအထားကြောင့် SpaceX ကို ကမ္ဘာ့တန်ဖိုးအရှိဆုံးပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်မှုကိုလည်းခိုင်မာစေခဲ့သည်။ SpaceX ရှယ်ယာရောင်းချမှုနှင့် Tesla ၏စတော့စျေးနှုန်းများမြင့်တက်မှုကြောင့် မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုသည် ဒေါ်လာ ၄၄၇ ဘီလျံအထိတက်လာခဲ့သည်။Tesla ၏ရှယ်ယာများသည်လည်း အမြင့်ဆုံးတန်ဖိုးအဖြစ် ၄၁၅ ဒေါ်လာအထိရောက်ရှိခဲ့သည်ဟုသိရသည်။ […]