ylliX - Online Advertising Network

NSPNC နှင့် နိုင်ငံရေးပါတီများဆက်လက်ပူး ပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကိုဆွေးနွေး – Popular

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) နှင့် နိုင်ငံရေးပါတီများဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ် ချုပ်ကြီးထွန်းထွန်းနောင်က ဖွဲ့စည်းပုံအခြေခံဥ ပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသည့် ပြဋ္ဌာန်းချက်များအပေါ် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်းခဲ့မှု၊ နိုင်ငံ ရေးပါတီများ၏ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ အကြံပြုချက်များအပေါ် လိုအပ်သလို အရေးယူဆောင်ရွက်ပေးခဲ့မှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်သူ လူထုကြားပျံ့နှံ့ရောက်ရှိစေပြီး တည်ငြိမ်အေးချမ်းမှုရရှိရန် ဆောင်ရွက်နိုင်ရေး၊ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့အတူ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင်ဦးကိုကိုကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး […]