ylliX - Online Advertising Network

ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက် | Ministry Of Information

ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက် | Ministry Of Information Skip to main content Breadcrumb Home  /  ပေါင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက် Source link

ပေါင်မြို့နယ် (အထက)မုတ္တမကျောင်း ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်

ပေါင်၊  ဇန်နဝါရီ  ၂ မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့ နံနက်ပိုင်းက (အထက)မုတ္တမကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ခေတ်အဆက်ဆက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။ မွန်မလေး Join – https://t.me/MyanmarNationalPost Source link

ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ပေါင်၊ ဒီဇင်ဘာ  ၁၆ မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင်  မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့်  ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊မင်္ဂလာဈေး၌ ပြုလုပ်သည်။ ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးမြတ်ကိုကို က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ယာဥ်များဖြင့် ပူးပေါင်း လေ့ကျင့်ဆောင်ရွက်ခဲ့သည်။  ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ၊ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အဆိုပါမီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်‌နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့‌ ကြောင်းသိရသည်။ မွန်မလေး  Join – […]

ပေါင်မြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပေါင်၊ ဒီဇင်ဘာ ၁၁ မွန်ပြည်နယ်၊‌ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ယနေ့ နံနက်ပိုင်းက (အမက)(မူလွန်)ဖလပ်(၁) ကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။ အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ခေတ်အဆက်ဆက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာစာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြသည်။ ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို (အမက)မိုးနိုင်း ကျောင်း ၌ […]

ပေါင်မြို့နယ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် – MyanmarNationalPost

ပေါင်၊ နိုဝင်ဘာ  ၃၀ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့သန့်ရှင်းသာယာရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ  သန့်ရှင်းရေးများ ပူးပေါင်း  ဆောင်ရွက်လျက်ရှိရာယနေ့ နံနက် (၇)နာရီက (အထက)‌ပေါင်ကျောင်း အတွင်းအပြင်နှင့် လမ်းဘေးဝဲယာရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊သစ်တောဦးစီးဌာမှဝန်ထမ်းများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက်   စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို  တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ပေါင်မြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၊ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို […]

ပေါင်မြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့တွင် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ – MyanmarNationalPost

ပေါင်၊ နိုဝင်ဘာ  ၁၅ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊တန်‌ဆောင်မုန်းလပြည့်နေ့ ၊  နိုဝင်ဘာ(၁၅) ရက်နေ့တွင်  မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စတုဒီသာကျွေးမွေးသူများ၊ အလှူဒါနပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ တန်ဆောင်မုန်းလပြည့်နေ့ တွင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင်  ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခြင်း၊အလှူဒါနပြုခြင်း၊ရပ်ကွက်တိုင်း၊ကျေးရွာတိုင်း၌စတုဒီသာများကျွေးမွေးလှူဒါန်းခြင်း၊ လူတစ်ဦးလျှင်ဆန်တစ်ပြည်ပေးဝေခြင်း၊ လှူဒါန်းသည့်ပစ္စည်းများမဲနှိုက်လှူဒါန်းပေးခြင်း၊ကျိုက်ပေါင်းဆံတော်ရှင်တွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ယောဂီအဖွဲ့ (၁၇)ဖွဲ့က ဓမ္မစကြာ တရားတော်ကို အလှည့်ကျရွတ်ဖတ်ပူဇော်‌ ကာဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်။ ထို့ပြင် ယနေ့ညနေပိုင်း၌ပေါင်မြို့နယ်ထန်းပင်ချောင်ကြီးကျေးရွာရှိ ဗောဓိတစ်ထောင်ဘုရား၊ကဒါရပ်ကွက်ရှိ ရွှေတီဂုံဖူးမျှော်စေတီတော်၊ဇင်းကျိုက်ရပ်ကွက်ရှိမဟာကန်တော်ကြီး တို့တွင်စတုဒီသာ‌ ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။ မွန်မလေး  Join – https://t.me/MyanmarNationalPost Source link

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ကျင်းပ – MyanmarNationalPost

ပေါင်၊ နိုဝင်ဘာ  ၅ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနံ (၁၁)နာရီက (အမက)ကဒါဈေး ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်တင်ဇာစိုး က မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှ ကာကွယ်ရန်၊မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊လူကုန်ကူးမှု၏ဆိုးကျိုးများကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန်‌ဟောပြော‌ခဲ့သည်။ ထို့နောက် ဒေါ်နီနီဝင်း က ကျေးဇူးတင်စကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့‌ကြောင်းသိရသည်။ မွန်မလေး Join […]