ylliX - Online Advertising Network

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်အား ခရီးသွားပြည်သူများ စည်ကားစွာ လာရောက်လည်ပတ်

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်အား ခရီးသွားပြည်သူများ စည်ကားစွာ လာရောက်လည်ပတ် moiuser3 Wed, 01/15/2025 – 16:02 Source link

ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီလ ၁၉ ရက်အထိ တိုးမြှင့်ဖွင့်လှစ်

နေပြည်တော်၊ ဇန်နဝါရီ ၁၃ မြန်မာနိုင်ငံ၏အထိမ်းအမှတ် (Landmark) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia 2024) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိသည်။ ထိုကဲ့သို့ ပန်းပွဲတော်နှင့် ပြင်ဦးလွင်မြို့၏ အေးချမ်းသာယာလှပမှုကို လာရောက်ခံစားကြသည့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ အထူးစည်ကားလျက်ရှိသဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အထိ တစ်ပတ်တိုးမြှင့်ဖွင့်လှစ်ထားကြောင်း သိရှိရသည်။ ပြင်ဦးလွင်ဒေသသည် မြန်မာနိုင်ငံ၏ ခရီးသွားဒေသများအနက် အထင်ကရဒေသတစ်ခုဖြစ်ပြီး အေးမြပြီးသန့်ရှင်းလတ်ဆတ်သည့် ရာသီဥတုနှင့် စိမ်းလန်းစိုပြေသည့် […]

ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ် အမျိုးသားကန်တော်ကြီးဥယျာဉ် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားအမြဲမပြတ် လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌ မှာကြား

ပြင်ဦးလွင်မြို့၏ အထိမ်းအမှတ် အမျိုးသားကန်တော်ကြီးဥယျာဉ် ရေရှည်တည်တံ့စေရေးနှင့် ခရီးသွားအမြဲမပြတ် လည်ပတ်နိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန် SAC ဥက္ကဋ္ဌ မှာကြား – Myanmar Transparency News Source link

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် သုမင်္ဂလာအဆင့်မြင့်ဈေး တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဒီဇင်ဘာ ၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ကန်တော်ကြီးဥယျာဉ်ရှင်းလင်းဆောင်ခန်းမ၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး နှင့် ဥယျာဉ်တာဝန်ခံကုမ္ပဏီမှအမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးတို့က ကန်တော်ကြီးဥယျာဉ်အတွင်းရှိရေကန်များအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဥယျာဉ်အတွင်း […]

ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲအတွက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်း ဖြည့်တင်းပြီး စစ်ဆေးမှုများ ပိုမိုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလပိုင်းတွင် ပြုလုပ်လေ့သည့် စစ်တက္ကသိုလ် (DSA) နှင့် စစ်နည်းပညာ တက္ကသိုလ် (DSTA ) ကျောင်းဆင်းပွဲများအတွက် စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြား ဖြည့်တင်းလာပြီး မြို့အတွင်းနှင့် မြို့ပတ်လည်တွင် စစ်ဆေးမှုတင်းကြပ်နေကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ စစ်သင်တန်းဆင်းပွဲသည် နှစ်စဉ်နှစ်တိုင်း ပြုလုပ်သည့် ပွဲဖြစ်ပြီး ယခုနှစ်သည် စစ်အင်အား အများအပြား တွေ့ရှိရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။ “နှစ်တိုင်းတော့ ဒီဇင်ဘာလ ရောက်ရင် စစ်သင်တန်းဆင်းပွဲ ရှိတယ်။ ဒါမဲ့ ဒီနှစ်က စစ်တပ်ဘက်က အင်အားတွေ တော်တော်ဖြည့်လာတာ တွေ့ရတယ်။ နေရာတိုင်း သူတို့ပဲ နေရာအပြည့် […]