ဒီနှစ်ထဲမှာ တေလာဆွိဖ်ရဲ့ ဗီယာနာဖျော်ဖြေပွဲကို တိုက်ခိုက်ဖို့ အကြံအစည်တခု ဖမ်းမိပြီးနောက် ရုတ်သိမ်းလိုက်ရတာနဲ့ Oasis အဖွဲ့ ပြန်လည်စုဖွဲ့ပြီး ဖျော်ဖြေပွဲတွေ လုပ်မယ်လို့ ကြေညာတာတွေဟာ ဂီတလောကက သတင်းခေါင်းစဉ်တွေ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော် ပေါ့အဆိုတော် တေလာဆွိဖ်က သူ့ရဲ့ စံချိန်တင် Eras ဖျော်ဖြေပွဲခရီးစဉ်နဲ့ ကမ္ဘာတဝန်းက ပရိသတ်တွေဆီ သွားရောက်ဖျော်ဖြေခဲ့ပြီး ဆုတံဆိပ်တွေလည်း အများအပြား ရရှိခဲ့လို့ ၂၀၂၄ ခုနှစ်မှာ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် တေလာဆွိဖ်ဟာ ဖေဖော်ဝါရီလမှာ အမျိုးသမီးတွေ ဂီတလောကရဲ့ အမြင့်ဆုံးဆုတွေကို ဆွတ်ခူးချိန်မှာ သူကိုယ်တိုင်လည်း တနှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုကို စတုတ္ထအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ တေလာဆွိဖ်က တေးအယ်လ်ဘမ်အသစ် “The Tortured Poets Department” ထွက်မယ်လို့ […]
တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အသိအမှတ်ပြုကြောင်း တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ အကျိုး ပျက်စီးအောင် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွာမည်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ်က ဆိုသည်။ ထို့အပြင် နိုင်ငံတကာ စာမျက်နှာတွင် တရုတ်နိုင်ငံ […]