ဇန်နဝါရီ- ၂၀ (တနင်္လာနေ့) ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူဆစ်သည် နိုဝင်ဘာလက နိုဗီဆက် မီးရထားဘူတာရုံတွင် လူအသေ အပျောက်များသော အဆောက်အအုံပြိုကျမှုကြောင့် နိုင်ငံမတည်မငြိမ်ဖြစ်ရန် နိုင်ငံခြားထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း အတိုက်အခံများ ကို စွပ်စွဲခဲ့သည်။ လူ ၁၅ ဦး သေဆုံးခဲ့သည့် အဆိုပါ ဖြစ်ရပ်ကြောင့် လူအများ ဒေါသထွက်ခဲ့ကြပြီး အခြေခံအဆောက်အဦ ဝန်ကြီး ဂေါ်ရန်ဗီဆစ် ရာထူးမှ နုတ်ထွက်ခဲ့သည်။ “ဒါက အရောင်တော်လှန်ရေးအတွက် ကြိုးပမ်းမှုပါပဲ” ဟု စနေနေ့က Happy TV ၏ တိုက်ရိုက်အင်တာဗျူးတစ်ခု၌ ဗီဆစ် က ပြောကြားခဲ့သည်။ နိုင်ငံခြားအေးဂျင့်တွေက ကျောင်းသားတွေကို အဓိက သယ်ယူပိုဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ တွန်းအားပေးနေတယ်လို့ သူကပြောပါတယ်။ လှုပ်ရှားမှုများကို ဒေသတွင်းတွင် လုပ်ဆောင်နေသော […]