အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၄) ကို နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာ စစ်ရေးမှာသာ အသုံးစရိတ်ကိုပိုသုံးကြဖို့ အခုလို မှာကြားခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ” စစ်ရေး နဲ့ နယ်မြေစိုးမိုးရေးဖော်ဆောင်မှုကို တော်လှန်ရေး အင်အားစုတွေအားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးစားကြရမှာက ပထမဆုံးသော လုပ်ငန်းဖြစ်ပါတယ်၊ ဒါ့အတွက် အဆင့်ဆင့်ဒေသရှိ တာဝန်ရှိသူများက ဒေသအလိုက် လက်နက်ကိုင်အင်အားစုများကို စည်းရုံးပြီး CoC တစ်ခုတည်းက သွားနိုင်အောင် လုပ်ဆောင်ကြပါ၊ ဒါမှသာ ပေါင်းစည်းညီညွတ်ရေးမှာ အတားဆီး ဖြစ်နေမှုများကို ဖယ်ရှားပြီး […]
စစ်ကောင်စီက ဆုံးရှုံးထားတဲ့နယ်မြေတွေအပေါ် ပြင်းပြင်းထန်ထန်ဗုံးကြဲနေစဉ်မှာပဲ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အထူးတိုက်ခိုက်ရေးစစ်သင်တန်းဆင်းပွဲတခုကို နိုဝင်ဘာ ၉ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီ စစ်သင်တန်းဆင်းပွဲမှာ TNLAစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်(၁၂)မြို့နယ်ကို ဆက်လက်ကာကွယ်စောက်ရှောက်ရန်၊ လူမျိုးနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် မျိုးချစ်စိတ်ဓာတ်ထားရှိရန်” မိန့်ခွန်းပြောကြားခဲ့တယ်လို့ TNLA က ယနေ့(နိုဝင်ဘာ ၁၃ရက်) နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို သင်တန်းသား ၁၀၀၀ ကျော်နဲ့ တအန်းထိန်းချုပ်ဒေသတခုမှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သင်တန်းဟာ ၃ လကြာမြင့်ခဲ့ပြီး စစ်ဆင်ရေးနဲ့ ရှေ့တန်းတိုက်ခိုက်ရေး ကျွမ်းကျင်ဖို့ သင်ကြားတာ ဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းသား ၂၀၀ ကျော်ပါဝင်တဲ့ အမျိုးသမီး စစ်သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာ ၁၁ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးစစ်မေတွေကို အုပ်ချုပ်ရေးဌာနမှ […]