ဒီနေ့တော့ ပုဇွန်ချဉ်လေးတွေ လုပ်ဖြစ်လို့ သဘာဝအတိုင်း ချဉ်စေမဲ့ ပုဇွန်ချဉ်လုပ်နည်းလေး မျှဝေလိုက်ပါတယ် ပုဇွန်ချဉ်တို့ သဘာဝ ပုဇွန်ဘော့ချိတ်လေးတွေကို အချဉ်ထည့်ရင် ပိုကောင်းပါတယ်။ မာမာနေတဲ့မြို့မှာတော့ ပုဇွန်ဘော့ချိတ်လဲ မရှိသလို ပုဇွန်အကောင်ငယ်ငယ်လဲ တွေ့ရခဲပါတယ် ဒါကြောင့်မို့ မာမာကတော့ banana prawns ထဲက ငယ်တာလေးတွေကို ရွေးပြီးလုပ်ထားပါတယ်။ ငယ်တယ်ဆိုပေမဲ့လဲ အရမ်းအငယ်ကြီး မဟုတ်တဲ့အတွက် ငါးရက်လောက်ထားမှ ကောင်းကောင်းချဉ်ပါတယ် အကောင်ငယ်ရင်တော့ ၃ရက်လောက် ချဉ်နိူင်ပါတယ်။ မာမာက မိတ်ဆွေတွေကို လက်ဆောင်ပေးချင်လို့ ပိုလုပ်ထားပါတယ် မိသားစု နည်းပါက အခုလုပ်တဲ့နူံးရဲ့ တစ်ဝက်လောက်ဘဲ လုပ်ပေးပါ။ အချဉ်တည်တတ်သွားရင် ရာသီဥတုအပေါ် မူတည်ပြီး လေးငါးရက်ဘဲ ကြာတတ်တာမို့လို့ လတ်လတ်ဆတ်ဆတ် စားရအောင် အနည်းငယ်ဘဲလုပ်တာ ကောင်းပါတယ်။ ပါ၀င်ပစ္စည်းများ ပုဇွတ်ထုတ် ခေါင်းဖြုတ်ပြီးသား – […]