ylliX - Online Advertising Network

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊‌ ရွှေကြာပင်ရပ်ကွက်၊ မေယုလမ်းနှင့် စိန်ပန်းပြာလမ်း‌‌ထောင့်၌ (၂၈-၁၂-၂၀၂၄) ရက်နေ့(၂၃:၅၀)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝပျက်စီးခဲ့သော လူနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(‌၂၀၀၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁၅၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၁၅၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁)ပုံးတို့အား (၂၉-၁၂-၂၀၂၄) ရက် နေ့၊(၁၆:၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_dec_2024 Source:  နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားမူကြိုကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၇-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပျဉ်းမနား မြို့နယ်၊ ပျဉ်းမနားမူကြိုကျောင်းတွင် မူကြိုကျောင်းသား/သူ(၁၀၀)ဦးအား သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြော​ခဲ့ပြီး နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source:     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိ မူကြိုကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၆-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် ဥတ္တရသီရိ မြို့နယ်၊ ဥတ္တရသီရိမူကြိုကျောင်းတွင် မူကြို ကျောင်းသား/သူ (၈၀)ဦး အား သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source:     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်၌ ဖြစ်ပွား သော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၀-၁၂-၂၀၂၄) ရက်နေ့၊ (၁၂း၅၀)အချိန်တွင် ပြည်ထောင်စုနယ် မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၂)ရပ်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀ဝိ/-) ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄၇၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၄၇၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပုံး(၃)ပုံး၊ အိမ်ထောင်စု (၃)စုစာတို့အား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်အတူ (၂၁-၁၂-၂၀၂၄) ရက်နေ့၊ (၁၁း၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_dec_2024 Source:     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) Source link

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ မှ ကူညီပံ့ပိုးမှုဖြင့် ပြန်လည်တည်ဆောက်နေသော တံတားအား သွားရောက် ကြည့်ရှုထောက်ပံ့

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးလှဆွေနှင့် တိုင်းစည်းရုံးရေးရာကော်မတီ ဦးဖိုးသိန်း၊ အလုပ်သမားကော်မတီ ဦးအောင်မြင့်ကြိုင် တို့လိုက်ပါလျှက် ရာဂီမုန်တိုင်းကြောင့်ရေပါသွားသော ဆင်သေချောင်းတံတားအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုနယ်မြေပါတီရန်ပုံငွေနှင့် ရပ်ရွာမှထည့်ဝင်ငွေများဖြင့် ကိုယ်ထူကိုယ်ထ စုပေါင်းတည်ဆောက်နေသော ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာ နှင့် ဇေယျာသီရိမြို့နယ် ပြန်ဝန်ကျေးရွာကြားရှိ အရှည် ပေ ၂၂၀ ရှိ ဆင်သေချောင်း လူ/ဆိုင်ကယ်/စလွန်းကား ကူး သစ်သားတံတာတည်ဆောက်နေရာသို သွားရောက်ကြည့်ရှုပြီး ပုဗ္ဗသီရိမြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်နိုင်မိုး၊ ဇေယျာသီရိမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းမြိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများ ရပ်မိရပ်ဖများကကြိုဆိုကြသည်။  ထို့နောက် ဦးလှဆွေ က လူ/ဆိုင်ကယ်/စလွန်းကား  ဖြတ်သန်းသွားလာနိုင်ရန် တံတားတည်ဆောက်ထားခြင်းကို ကြည့်ရှု့ပြီး ထပ်မံလိုအပ်သောရန်ပုံငွေများကို ထည့်ဝင်ပေးအပ်ခဲ့ကြောင်း သိရသည်။ Join – […]

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရမြို့နယ်၊ (အ.ထ.က) ရွှေနံ့သာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီမှ(၁၂:၀၀)နာရီအချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က)ရွှေနံ့သာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲ၌ ဌာန ဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများစုစုပေါင်း (၂၀၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးမျှဝေခဲ့ပြီးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source:     ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)   Source link

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာရှိ အ.လ.က ကျောင်းဝန်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၂၄) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၅) နာရီအထိ တပ်ကုန်းမြို့နယ်၊ နွယ်ရစ် ကျေးရွာအုပ်စု၊ နွယ်ရစ်ကျေးရွာရှိ အ.လ.က ကျောင်းဝန်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာနမှ လ/ထ ညွှန်မှူး ဦးဇော်မိုးလွင်၊ ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လ/ ထ ညွှန်မှူး ဦးကျော်နိုင်ဦး၊ အမှတ် (၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (တပ်ကုန်း) မှ ရဲအုပ် ဝေဖြိုးဦး၊ ရွှေမြို့နယ်မြေရဲစခန်းမှူး ရဲအုပ်ထွန်းနိုင်ဝင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ဥပဒေရုံးမှ ဒုမြို့နယ်ဥပဒေအရာရှိ ဒေါ်ဆွေဇင်သက်ထား၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မိုးမိုးအေး နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်းအင်အား (၄၀၀) […]

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.လ.က.၁) တပ်ကုန်း၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၂၄)ရက်နေ့၊ (၁၃:၀၀) မှ (၁၅:၀၀)နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ (အ.လ.က.၁) တပ်ကုန်း၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ သူ စုစုပေါင်း (၂၀၀)ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2024 Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်း ကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၇.၁၁.၂၀၂၄) ရက်နေ့ (၁၀:၀၀)မှ (၁၂:၀၀)အချိန်ထိ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ (အ.ထ.က) တောင်ညို အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲ၌ ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ဦးခန့်အား သဘာဝဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးမျှဝေခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_nov_2024 Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ (အ.ထ.က) ကျောင်း၌ ဇာတ်တိုက်လေ့ကျင်ခန်းသရုပ်ပြအခမ်းအနားကျင်းပမှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၁.၂၀၂၄) ရက်နေ့၊  (၁၃:၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရ ခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြအခမ်းအနားကို တောင်ညိုကျေးရွာအုပ်စု၊ တောင်ညိုကျေးရွာ (အ.ထ.က)၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်အတူ ရှာဖွေ/ ကယ်ဆယ်/ ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_simex #npw_nov_2024 Source:  ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) Source link