ylliX - Online Advertising Network

လူသားချင်းစာနာထောက်ထားရေးမှလွဲပြီး အခြားအသုံးစရိတ်တွေကိုလျှော့ချဖို့၊စစ်ရေးမှာ ငွေပိုသုံးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၄) ကို နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာ စစ်ရေးမှာသာ အသုံးစရိတ်ကိုပိုသုံးကြဖို့ အခုလို မှာကြားခဲ့တာ ဖြစ်ပါတယ်။ အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ” စစ်ရေး နဲ့ နယ်မြေစိုးမိုးရေးဖော်ဆောင်မှုကို တော်လှန်ရေး အင်အားစုတွေအားလုံး ပူးပေါင်းလုပ်ဆောင်ဖို့ ကြိုးစားကြရမှာက ပထမဆုံးသော လုပ်ငန်းဖြစ်ပါတယ်၊ ဒါ့အတွက် အဆင့်ဆင့်ဒေသရှိ တာဝန်ရှိသူများက ဒေသအလိုက် လက်နက်ကိုင်အင်အားစုများကို စည်းရုံးပြီး CoC တစ်ခုတည်းက သွားနိုင်အောင် လုပ်ဆောင်ကြပါ၊ ဒါမှသာ ပေါင်းစည်းညီညွတ်ရေးမှာ အတားဆီး ဖြစ်နေမှုများကို ဖယ်ရှားပြီး […]