ထားဝယ်၊ ဒီဇင်ဘာ ၃၀ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများ အချင်းချင်းပူးပေါင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ကရင်တိုင်းရင်းသားများက ဦးဆောင်ကျင်းပသော ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ထားဝယ်မြိူ့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ချမ်းသာကြီးကျောင်းဆရာတော် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ကရင်တိုင်းရင်းသားကိုယ်စားလှယ်တော်ကြီးများ တက်ရောက်ကြသည်။ ရှေးဦးစွာ သဘာပတိအဖွဲ့များက စင်မြင့်ပေါ်တွင် နေရာယူကြပြီး ချမ်းသာကြီးကျောင်းဆရာတော် ဦးသုန္ဒရ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်အလံ […]
(၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် နေပြည်တော် အောက်တိုဘာ ၃၀ (၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များ ညီလာခံကို “ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် စင်ကာပူနိုင်ငံ၌ အောက်တိုဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါ ညီလာခံသို့ စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E. Mr. Lucien Wong ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ (၁၄)ကြိမ်မြောက် တရုတ်-အာဆီယံ ရှေ့နေချုပ်များညီလာခံတွင် စင်ကာပူနိုင်ငံ ရှေ့နေချုပ် H.E. Mr. […]