ylliX - Online Advertising Network

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် ဒီဇင်ဘာ ၁၁ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက် ယှဉ်ပြိုင်ကစား ကြသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ အမျိုးသား ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဇင်မင်းခန့်က ပထမ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဘိုဘိုရှိုင်းက ဒုတိယ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထက်လင်းဦးက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ကြိုးတပ်သံလုံပစ် ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မကွေးတိုင်းဒေသကြီးမှ သဲအိထွေးက ပထမ၊ မကွေး တိုင်းဒေသကြီးမှ ဝင်းအိဖြိုးက ဒုတိယ၊ ချင်းပြည်နယ်မှ ထန်ဒိမ့်ခိုင်က […]

ဒုတိယဝန်ကြီးချုပ်များ ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီးများ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁၄ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများသည် မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းက နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅) တွင် လက်ခံလက်တွေ့ဆုံသည်။ တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား လေကြောင်းခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံမှုတိုးမြှင့်ရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့် ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စက်မှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများကို နှစ်ဘက်အမြင်ချင်းဖလှယ် […]