ဝါရှင်တန်၊ဒီဇင်ဘာ ၁၄ အမေရိကန် အောက်လွှတ်တော်ဥက္ကဌဟောင်း နန်စီပေလိုစီသည် လူဇင်ဘတ်နိုင်ငံသို့ သွား ရောက်စဉ်အတွင်း လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် လူဇင်ဘတ်မြို့ရှိဆေးရုံသို့တင်ခဲ့ရသည်ဟုသိရသည်။ “Bulge” တိုက်ပွဲနှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် လူဇင်ဘတ်သို့ နှစ်ဖက်ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရီးသွားစဉ် လှေကားပေါ်မှချော်ကျပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ဒဏ်ရာအခြေအနေ ကို စစ်ဆေးရန် ဆေးရုံပို့ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အသက် ၈၄ နှစ်အရွယ်ရှိ ပေလိုစီသည် ယခုအခါ ဆရာဝန်များနှင့်ကောင်းမွန်စွာဆေးကုသမှုခံယူလျက်ရှိသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဒီမိုကရက်တစ်ပါတီ၏ ထင်ရှားသည့်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပေလိုစီသည် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမေရိကန်အောက်လွှတ်တော်ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး နောက်ထပ်တစ်ကြိမ်အဖြစ် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိလည်းထပ်မံတာဝန်ထမ်းဆောင်ခဲ့သည်။ပေလိုစီသည် အမေရိကန်သမိုင်း၌ အောက်လွှတ်တော်ဥက္ကဌရာထူးတာဝန်ရရှိခဲ့သည့် ပထမဆုံးသောအမျိုးသမီးလည်းဖြစ်သည်။ Source : ရှင်းဟွာ Source link