ylliX - Online Advertising Network

မြန်မာ့ဝါဂွမ်းများအား ပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဝါဂွမ်းများကို ပြည်ပဈေးကွက်သို့ တိုးမြှင့် တင်ပို့နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြန်မာ့ ဝါဂွမ်းများကို ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဈေးကွက်များသို့ တိုးမြှင့်တင်ပို့ရန် စီစဉ်ထားကြောင်း၊ ဝါကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားပေးလျက် ရှိပြီး ဝါဂွမ်းပို့ကုန် မြှင့်တင်ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်၍ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းမြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ ဝါစိုက်ပျိုး၊ ထွက်ရှိ၊ ထုတ်လုပ်၊ သုံးစွဲမှု စသည့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိရေးသည် အရေးကြီးသဖြင့် ဝါအသင်းနှင့် စိုက်ပျိုးသူတောင်သူများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ဝါထွက်ရှိသည့် ရာသီကျန်ရှိနေသည့်အတွက် စနစ်တကျ ဂရုတစ်စိုက် ခူးဆွတ်၊ ရိတ်သိမ်း၊ သိုလှောင်နိုင်ပါက […]