ylliX - Online Advertising Network

ပြည်သူလူထု၏သယံဇာတအား ပြည်သူလူထုထံသို့

  ပြည်သူလူထု၏သယံဇာတအား ပြည်သူလူထုထံသို့        စွမ်းအင်ဝန်ကြီးဌာနသည် ပြည်တွင်းစက်သုံးဆီ ဖူလုံစေရေး၊ စက်သုံးဆီလိုအပ်ချက်များ အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေး   အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ်အတွင်း စွမ်းအင်ဆိုင်ရာစာရင်းအင်းအချက်အလက်များအရ ပြည်တွင်းစက်သုံးဆီသုံးစွဲမှု၏ ၉၇ ရာခိုင်နှုန်းခန့်ကိုပြည်ပမှတင်သွင်းပြီး ၃ ရာခိုင်နှုန်းခန့်ကို   ပြည်တွင်းမှ ထုတ်လုပ်သုံးစွဲလျက်ရှိသည်။ ပြည်ပမှစက်သုံးဆီတင်သွင်းမှုလျှော့ချနိုင်ရန်အတွက်  စက်သုံးဆီများပြည်တွင်း၌ ထုတ်လုပ်ရောင်းချနိုင်ရေးစီမံကိန်း(Plan) များ အသီးသီးချမှတ်၍    အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင်  အရည်အသွေးမြင့် စက်သုံးဆီ (ဒီဇယ်၊ ဓာတ်ဆီ)များ စီးပွားဖြစ်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနိုင်ရေးအတွက် ရေနံချက်စက်ရုံအသစ်များ တည်ဆောက်ခြင်း၊ စက်ရုံအဟောင်းများ Upgrade ပြုလုပ်၍ စက်စွမ်းအားပြည့်လည်ပတ်ခြင်းများ ပါဝင်လာရာ   သန်လျင်ရေနံချက်စက်ရုံအား စက်ရုံအသစ်တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေခြင်း၊    ပြည်တွင်းရေနံစိမ်းများကို တိုးမြှင့်ထုတ်လုပ်ရန်လျာထားချက်များချမှတ်ပြီး တိုးမြှင့်ရရှိလာသော ရေနံစိမ်းအား […]