ylliX - Online Advertising Network

မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီအပေါင်းအပါများ တရုတ်လိုင်စင်မဲ့ကားကို ပေါ်တင်သွင်းနေ – သျှမ်းသံတော်ဆင့်

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ် ပူပေါင်းပြီး တရုတ်ဘက်တွင်းရှိ လိုင်စင်မဲ့ကားကို ဆင်ဖြူဂိတ်တွင် ပေါ်တင်သွင်းနေကြောင်း စုံစမ်းသိရသည်။ ထိုတရုတ်နိုင်ငံဘက်မှ လိုင်စင်မဲ့ကားများတင်သွင်းရာတွင် မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးဖြစ်ပြီး၊ ၎င်းသည် စစ်တပ်နှင့်ပူးပေါင်းပြီး လာဘ်ငွေယူပြီးခွင့်ပြုနေကြောင်း သိရသည်။ “ အခုလိုင်စင်မဲ့ကားတွေကို ဌာနဆိုင်ရာအကြီးနဲ့ စစ်တပ်က ပူးပေါင်းပြီး ပေါ်တင်သွင်းနေတာ။ အရင်က လိုင်စင်မဲ့ကားတွေက ဆင်ဖြူဂိတ်ကနေ ပေါ်တင်မသွင်းဘူး။ နောက် အဲ့ကနေပြီးတရားမဝင် ကုန်တွေရော သွင်းတယ်။ စစ်တပ်အတွက်ရိက္ခာတွေလည်း ဖြည့်နေတဲ့သဘောပဲ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ အဆိုပါ လိုင်စင်မဲ့ကားများသည် လွန်ခဲ့သည့် ၂၀၂၄ခုနစ် သြဂုတ်လမှစတင်ပြီး တင်သွင်းလာရာ ယခုရက်ပိုင်း အများအပြားတင်သွင်းနေကြောင်း၊ ၎င်းလိုင်စင်မဲ့ကားများသည် တိုကင်မယူရဘဲ ဆင်ဖြူဂိတ်ကို တိုက်ရိုက်ဖြတ်သန်းလာနိုင်ကြောင်း ၎င်းက ပြောသည်။ […]