ylliX - Online Advertising Network

ကျူးဘားအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအား ကုလသမဂ္ဂ၌ တစ်ခဲနက် ကန့်ကွက်မဲပေး

ကုလသမဂ္ဂ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)ကျူးဘားနိုင်ငံအပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးအရ ကာလကြာမြင့်စွာ ပိတ်ဆို့အရေးယူခြင်းကို အဆုံးသတ်ရန် အမေရိကန်နိုင်ငံအား တိုက်တွန်းထားသော နှစ်စဉ် ဆုံးဖြတ်ချက်အဆိုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အောက်တိုဘာ ၃၀ ရက်၌ တစ်ခဲနက် အတည်ပြုခဲ့သည်။ယင်းဆုံးဖြတ်ချက်အဆိုအား နိုင်ငံပေါင်း ၁၈၇ နိုင်ငံက ထောက်ခံခဲ့ကာ အမေရိကန်နှင့် အစ္စရေးတို့သာ ကန့်ကွက်မဲပေးခဲ့ပြီး မော်လ်ဒိုဗာနိုင်ငံက မဲမပေးခဲ့ပေ။ကုလသမဂ္ဂ အထွေထွေညီလာခံက အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ တန်းတူရည်တူရှိရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးအား ကြားဝင်နှောင့်ယှက်ခြင်းနှင့် စွက်ဖက်ခြင်းမပြုရေး မူဝါဒများကို ထပ်လောင်းအတည်ပြုခဲ့သည်။ နိုင်ငံအားလုံးအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်နှင့် နိုင်ငံတကာဥပဒေများကို လိုက်နာကာ ကန့်သတ်ပိတ်ပင်ရေး ဥပဒေများ၊ အစီအမံများအား ပြဋ္ဌာန်းခြင်း သို့မဟုတ် ကျင့်သုံးခြင်းအား ရှောင်ကြဉ်ကြရန်လည်း အထွေထွေညီလာခံက ထပ်လောင်းတိုက်တွန်းခဲ့သည်။ယင်းအား မဖြစ်မနေလိုက်နာရန် […]