တောင်ကိုရီးယား သမ္မတ Yoon Suk Yeol ကို နိုင်ငံခြား ခရီးသွားလာခွင့် ပိတ်လိုက်ကြောင်း တရားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက တနင်္လာနေ့က ပြောပါတယ်။ တရားရေး ဌာန အရာရှိ Bae Sang-up က လွှတ်တော်ကော်မတီ ကို အခုလိုပြောလိုက်တာပါ။ Source link
ရခိုင်ပြည်၊ မောင်တောဒေသရှိ နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့ အမှတ် ၅နယ်ခြားစောင့်စခန်း နခခ ၅ ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်း ဒီနေ့ ညနေပိုင်းမှာ AA က ထုတ်ပြန်ကြေညာပါတယ်။အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေတာကြောင့် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု ကို ပိတ်ပင်လိုက်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။စကခ (၁၅) တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုယ်လွတ်ရုန်းပြေးသွားပြီး မောင်တောမြို့ အမှတ် ၅နယ်ခြားစောင့်စခန်း -နခခ ၅ကို AA မသိမ်းမီ ပိတ်မိနေကြောင်း စစ်ကောင်စီတပ်သားတွေ ပြောဆိုထားတဲ့ရုပ်သံဖိုင်ဟာလဲ ဒီနေ့မှာ လူမှုကွန်ယက်မှာပျံ့နှံ့လာပါတယ်။ နခခ ၅ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေပြီး ရခိုင်ပိုင်နက် […]
မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် စစ်သားများ လွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှု AA က ပိတ်ပင် ၊ မောင်တောမြို့နယ်တစ်ခုလုံးကို AA က သိမ်းပိုက် ထိန်းချုပ်ပြီ ရန်ကုန်| ဒီဇင်ဘာ ၈ ရခိုင်ပြည်၊ မောင်တောဒေသတွင် မောင်တော နခခ ၅ ကိုသိမ်းပိုက်ပြီးနောက် စကခ ၁၅ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အင်အား ၁၅၀ ခန့် ထွက်ပြေးလွတ်မြောက်နေ၍ နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာမှု AAက ပိတ်ပင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံ လက်နက်ကိုင်များ ထွက်ပြေးလွတ်မြောက်နေ၍ ရခိုင်ပိုင်နက် နတ်မြစ်အတွင်း ရေကြောင်းခရီးသွားလာခွင့်များကို အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ကြောင်း အာရက္ခတပ်တော် AA က […]
Skip to content တရုတ် နဲ့ အမေရိကန် ရဲ့ နည်းပညာ စစ်ပွဲက အရှိန်အဟုန် မြင့်သထက်မြင့်လာပါပြီ။ အမေရိကန်က အဆင့်မြင့် Chip တွေ မထုတ်နိုင်အောင် တရုတ်ကို ပိုမို တင်းကြပ်လိုက်ပြီး နောက်တစ်နေ့မှာပဲ တရုတ်က Semiconductor ထုတ်လုပ်ရာမှာ သုံးတဲ့ အဓိက ဒြပ်ထု တချို့ကို အမေရိကန်ကို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့ ဒြပ်ထုတွေထဲမှာ Metals Gallium , Antimony နဲ့ Germanium တို့ ပါဝင်ပါတယ်။ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံ လုံခြုံရေးအတွက် အခုလို ပိတ်ပင်တာလို့ ပြောပါတယ်။ Semiconductor ရဲ့ နောက်ထပ် အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ […]
တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ယနေ့ (နိုဝင်ဘာလ ၁၁ ရက်)နေ့တွင် တရုတ်ဘက် စတင်ပိတ်ပင်လိုက်ပြီးသဖြင့် တပိုင်တနိုင် လုပ်ကိုင်နေသူများအခက်ကြုံနေကြောင်း သတင်းရရှိသည်။ လက်ရှိမှာ တရုတ်အာဏာပိုင်များက ကျယ်ဂေါင်-မန့်ဝိန်းတွင် တရားဝင်ကုန်စည်များကို သယ်ယူခွင့်ပြုပြီး ဆင်ဖြူဂိတ်တွင် တပိုင်တနိုင် ဖြင့် တရားမဝင် ကုန်စည်များကို သယ်ဆောင်ခွင့်မပြုတော့ကြောင်း (နိုဝင်ဘာလ ၉ရက်)နေ့တွင် ရွှေလီတရုတ်အာဏာပိုင်က ညွှန်ကြားထားသည်။ “အခုက ဆင်ဖြူဂိတ်ကို တရားဝင်ပိတ်လိုက်တယ်။ ပစ္စည်းတွေက အဲဂိတ်ကနေ သယ်ထုတ်ခွင့်မပြုဘူး ဒါမြန်မာဘက်က ခွင့်ပြုတယ်။ တရုတ်ဘက်က ကျယ်ဂေါင်-မန့်ဝိန်းဂိတ်မှာ သယ်ယူခွင့်ပြုတော့ဘူး။ တံခါးတော့ ပိတ်ထားတုန်းပဲ။ အထဲမှာ ဆိုင်ကယ်နဲ့ ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်” ဟု ၎င်းက ပြောသည်။ ယနေ့ တရုတ်ဘက်ခြမ်းအခြေအနေ ထို့အပြင် တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု […]