ylliX - Online Advertising Network

ပူတာအို ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦးသေနတ်နဲ့အတူထွက်ပြေး၊ တစ်ဦးပစ်သတ်ခံရ – Kachin News Group (KNG)

ပူတာအိုမြို့အခြေ စိုက် ခလရ ၄၆ တပ်ထဲက စစ်သားနှစ်ဦး သေနတ်နဲ့အတူ ထွက်သွားပြီးနောက် တစ်ဦး ပစ်သတ် ခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ပူတာအို လေဆိပ်လုံခြုံရေးအတွက် ကင်းစောင့်တာဝန်ကျစဥ် ထွက်ပြေးခဲ့တာဖြစ်ပြီး တစ်ဦးပစ်သတ်ခံရကာ ကျန်တစ်ဦးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ပူတာအိုမြို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ပြေးတာက ပြီးခဲ့တဲ့ စနေနေ့တုန်းက ထွက်ပြေးသွားတာ လေဆိပ်လုံခြုံရေးအတွက်တောစပ်မှာ ကင်းပုန်းချထားတဲ့ချိန် နှစ်ယောက်စလုံး သေနတ်တွေနဲ့ ထွက်ပြေးသွားတာ တစ်ယောက်က မနေ့က မိသွားလို့ပစ်သတ်ခံလိုက်ရတယ်။ တစ်ယောက်က မမိသေးဘူး”လို့ ပြောပါတယ်။ ထွက်ပြေးသွားတဲ့ စစ်သားနှစ်ဦးကို ကျန်စစ်ကောင်စီတပ်သားတွေက မြို့တွင်းမြို့ပြင်မှာ လူစုခွဲ ရှာဖွေရာကနေ တစ်ဦးကို ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ နာမ်ရှယ်ကျေးရွာ နဲ့ မလိခုံကျေးရွာအနီး တောစပ်တစ်နေရာမှာ တွေ့ရှိခဲ့တာဖြစ်ပြီးနေရာမှာပဲ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ “တစ်ယောက်ကိုပဲ တွေ့တယ်တဲ့ သေနတ်နဲ့ပါတော့ အဲ့မှာပဲ တစ်ခါတည်း ပစ်သတ်လိုက်တာ။ မလိခုံရွာ ရောက်ခါနီး သံဘောင်တံတား […]

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် သံဃာတော်အရှင်သူမြတ် ၁၁၀၀ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူ

ညောင်ဦး၊ ဇန်နဝါရီ ၁ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ့ ၆ နာရီအချိန်၌ သဲဖြူနှင့်မဟာမြိုင်တောရ ဓမ္မရိပ်သာဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာ ဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် ဇန်နဝါရီ ၁ ရက် နံနက် ၄ နာရီအချိန်က သံဃာတော်အရှင်သူမြတ် ၁၁၀၀ ပါး၊ သီလရှင်ဆရာကြီး/ ဆရာလေး ၂၀၀ ပါးတို့အား ဆွမ်းဆန်စိမ်းနှင့်နဝကမ္မအလှူတော်ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားကြီးဝင်း ဝေဇယန္တာ ဓမ္မဗိမာန်တော်ကြီး အတွင်း၌ ရာသက်ပန်ကုမ္ပဏီမှ ထမင်းစတုဒီသာ ခုနှစ်ရက်ကျွေးပြီး နှစ်သစ်ဦးတရားတော်ကို သဲဖြူနှင့်မဟာမြိုင်တောရ ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်က မေတ္တာဗုဗ္ဗ (၁၄) ပါး တရားတော်အား ဟောကြားတော်မူခဲ့ပြီး အလှူတော်ငွေများ ဆက်ကပ်တော်မူကြသည်။ […]

ပူတာအို ၊ ခေါင်လန်ဖူးမြို့နယ်က ပြည်သူ့စစ်ကာကင်းစခန်းကို KIA သိမ်းပိုက်ပြီး သုံ့ပန်းအချို့ဖမ်းမိ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လားဟူဆယ် ပြည်သူ့စစ်ကာကင်း စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းအချို့လဲ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။အဲ့ဒီပြည်သူ့စစ်စခန်းမှာ အင်အား ၈၀ ခန့် နေထိုင်ပြီး ဒီဇင်ဘာ ၁၅ရက်မှာ KIA က သိမ်းပိုက်ခဲ့ရာ ဒဏ်ရာရရှိထားတဲ့ ပြည့်သူ့စစ်တပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။အဆိုပါစခန်းကုန်းအတွင်း KIA သိမ်းပိုက်ခဲ့တဲ့ ဆော့လလော်မြို့နယ် လန်ဆယ်ရွာစခန်းက တပ်ဆုပ်သွားတဲ့ ပြည့်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ သွားရောက်နေထိုင်ကြပြီး နေအိမ်များလည်းတည်ဆောက်နေဆဲဖြစ်ကာ KIA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီလို့ သိရပါတယ်။ KIA ဟာ ကချင်ပြည်နယ်ထဲက အထူးဒေသ ၁တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေကို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။KIA ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အခြေစိုက်ရာ […]