ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များက စတင် ဖွင့်လှစ်ပေးပြီးနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ကျော်တို့က ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ စုရပ်မှ စတင်ကာ မေယုလမ်းတစ်လျှောက် ထိုမှတစ်ဆင့် သတ္တဌာနလမ်းမှ စစ်တွေမြို့ ဓညဝတီအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သူရိယစန္ဒာဝင်းကုမ္ပဏီတို့က ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ ပဲနှင့် ဆားများကို ပေးအပ်ချီးမြှင့်ကြပြီး […]
(၁၇-၁၂-၂၀၂၄ ရက်၊ ဗီယင်နာ) ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာလက်ဖက်ရည်ပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲကို ဗီယင်နာမြို့အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ သံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး များနှင့် Society Magazine တို့ပူးပေါင်းလျက် ၁၇-၁၂-၂၀၂၄ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Grand Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးများ၊ ဘင်္ဂလားဒေ့ရှ် သံရုံးယာယီတာဝန်ခံ တို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် Society Magazine ထုတ်ဝေသူ Prof. Mag Gertrud Tauchhammer၊ ဘင်းမ်စတက်သံရုံး/အဖွဲ့ရုံးများကိုယ်စား အိန္ဒိယသံအမတ်ကြီး/ အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Sambhu Santha Kumaran နှင့် ဩစတြီးယားနိုင်ငံ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန သံတမန်ရေးရာဒုတိယအကြီးအကဲ Mr. […]
သျှမ်းတောင်၊ ကလောမြို့၊ ရပ်ကွက် (၃) ရှိ ရွာသစ် ဘုန်းကြီးကျောင်းတွင် ယနေ့ (အောက်တိုဘာလ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲခန့်က ယမ်းပေါက်ကွဲမှု ဖြစ်ပွားရာ သဃာတော် ၃ ပါးနှင့် လူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိသဖြင့် ကလောဆေးရုံသို့ ပို့လိုက်ရကြောင်း မြို့ခံ တစ်ဦးက ပြောသည်။ ရေဘေးဒဏ် ပြင်းပြင်းထန်ထန် ခံခဲ့ရသည့် နာမည်ကျော် ကလောမြို့တွင် တန်ဆောင်တိုင်ပွဲ ကျင်းပရန် ပြင်ဆင်မှု အဖြစ် မီးရှူးမီးပန်းများ အတွက် ယမ်းစပ်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ကျောင်းဆောင် ကြမ်းခင်း ပွင့်ထွက်သွားကြောင်း ဆိုသည်။ “ယမ်းထောင်း ယမ်းစပ်တာကနေ ပေါက်ကွဲတာ။ ဦးပဇင်း ၂ ပါးနဲ့ လူ ၃ […]