ylliX - Online Advertising Network

ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံသော အနာဂါတ် နိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်း ကူညီဆောင်ရွက်သွားမည်ဟု လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ပြည့်သူ့ရှေ့ဆောင်ပါတီ ဖော်ပြ

ဖက်ဒရယ် ဒီမိုကရေစီကို အခေခံသော တိုးတက်ခေတ်မီသည့် အနာဂါတ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပေါ်ထွန်းလာရေး ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ပြည်သူ့ရှေ့ဆောင်ပါတီက အသိပေးဖော်ပြထားသည်။ ပြည်သူရှေ့ဆောင်ပါတီ၏ သဝဏ်လွှာတွင် မြန်မာပြည်သူများ၏လွတ်လပ်ရေးသည် ပြည်သူများ၏ လက်ဝယ်တွင် ရှိကြောင်းနှင့် လွတ်လပ်ရေးနှင့် ဆက်စပ်၍ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်အနုပညာများ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကာ တိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ်သို့ အဆင့်ဆင့် တက်လှမ်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အမျိုးဂုဏ် ၊ ဇာတိဂုဏ် များကို ထိန်းသိမ်း၍ တိုးတက်အောင်ကြိုးစားရာတွင် တစ်ဉီးတစ်ယောက်တည်းဖြင့် မအောင်မြင်နိုင်ဘဲ မြန်မာနိုင်ငံသား တိုင်းရင်းသားပေါင်းစုံမှ တက်ညီလက်ညီ စုစုစည်းစည်းဖြင့် ကြိုးစားမှသာ လျှင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်း နှင့် သို့မှသာ […]

ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်းများ ပူးပေါင်း၍ တော်လှန် ရုပ်ရှင်ပြသ – Khit Thit Media

ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်းများ ပူးပေါင်း၍ တော်လှန် ရုပ်ရှင်ပြသ ရန်ကုန်၊ဒီဇင်ဘာ ၂၄ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တော်လှန်ရုပ်ရှင်ပြသခြင်းကို ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်၊လူငယ့်အားမာန်သပိတ်နှင့် ယင်းမာပင်ခရိုင်တပ်ရင်း ၁ တို့ပူးပေါင်းကာ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။ လူထုနှင့် တော်လှန်ရေးတပ်သားများ အတူတကွပူးပေါင်းကာ လူထုနိုင်ငံရေးတရားများဟောကြားခြင်း၊ ဦးနေဇော်နိုင်(DVB) က Zoom ဖြင့် လူထုကို တော်လှန်အားပေးစကားပြောခြင်းအပြင် ရဲမေများ၏ တေးသရုပ်ဖော်အကများ ပါဝင်ပြီး ကြွေးကြော်သံများနှင့်အတူ အခမ်းအနားပိတ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။ Source link

အဂတိလိုက်စားမှု အလေ့အထများကို လက်မခံဘဲ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမြှင့်တင်ရာတွင် ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှု၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ယှဉ်ပြိုင်မှုဖန်တီးခြင်းများဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြရန် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

  မန္တလေး၊ ဒီဇင်ဘာ ၂၄ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က ချမ်းအေးသာစံမြို့နယ်ရှိ MRCCI ခန်းမ၌ ကျင်းပခဲ့သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁ဝဝ ဦး တက်ရောက်ခဲ့ကြသည်။  အခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် […]

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် | Ministry Of Information Skip to main content Breadcrumb Home  /  လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် Source link

မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ပထမအကြိမ် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့သံအမတ်ကြီးများကောင်စီတို့တွေ့ဆုံသည့် အစည်းအဝေး၌ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် (၂၀-၁၁-၂၀၂၄ ရက်)

(၂၀-၁၁-၂၀၂၄ ရက်၊ ဂျကာတာ) အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂၀-၁၁-၂၀၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်သော ပထမအကြိမ် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီ(CPR)နှင့် ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ သံအမတ်ကြီးများကောင်စီတို့ တွေ့ဆုံသည့် အစည်းအဝေး၌ ပူးတွဲဥက္ကအဖြစ်ဆောင်ရွက်ခဲ့သည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာအခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Saad Mohammed Alemadi က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အစည်း အဝေးသို့ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီအဖွဲ့ဝင် သံအမတ်ကြီးများနှင့် ကိုယ် စားလှယ်များ၊ ဂျကာတာအခြေစိုက် ပင်လယ်ကွေ့နိုင်ငံများပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်များဖြစ် သည့် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ဆော်ဒီအာရေးဘီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) တို့မှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် […]

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ် | Ministry Of Information Skip to main content Breadcrumb Home  /  လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ် Source link