ylliX - Online Advertising Network

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim အား လက်ခံတွေ့ဆုံ (၁၀-၁-၂၀၂၅ရက်)

(၁၀-၁-၂၀၂၅ ရက်၊ နေပြည်တော်) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ နိုင်ငံတကာလေ့လာရေးဘွဲ့လွန်ကျောင်း (GSIS) ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး (FGPT) ဆိုင်ရာ CAU ဖောင်ဒေးရှင်းဥက္ကဋ္ဌ အငြိမ်းစားဂုဏ်ထူးဆောင်ပါမောက္ခ Dr. Taehyun Kim အား ၁၀-၁-၂၀၂၅ ရက်(သောကြာနေ့)၊ (၁၀၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကိုကိုကျော်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ခိုင်မာရေးနှင့် ပညာရေးနှင့် သက်ဆိုင်ရာကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများအပါအဝင် မြန်မာသံတမန်များအတွက် ဘာသာရပ်ဆိုင်ရာရက်တိုသင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ Source link

ပါမောက္ခ စတိုင်းဘာ့ခ် ‌ပြောခဲ့တဲ့ မြန်မာ့နိုင်ငံရေးစရိုက်

မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်စွဲကြီးစိုးမှု လွှမ်းမိုးတဲ့အစဉ်အလာ ရှိနေတယ်။ ရွေးကောက်ပွဲတခု လွတ်လပ်မျှတမှု ရှိ-မရှိဆိုတာ ပြည်သူတွေသာအသိဆုံး ဖြစ်တယ်လို့ ပါမောက္ခ စတိုင်းဘာ့ခ်က ဆိုခဲ့ပါတယ်။ ကွယ်လွန်သူပါမောက္ခကြီးအား ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၅ က ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းခဲ့တဲ့ အစီအစဉ်ကို ပြန်လည်ထုတ်လွှင့်လိုက်ပါတယ်။ ဦးကျော်ဇံသာ ။ ။ ပါမောက္ခ David Steinberg ခင်များ။ မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကြီး မကြာခင် ကျင်းပတော့မယ် ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးပါသလဲ။ ဆိုလိုတာက မြန်မာနိုင်ငံကို ဒီမိုကရေစီဘက်ရောက်အောင် ဘယ်အထိ တွန့်ပို့နိုင်လိမ့်မယ် ထင်ပါသလဲ။ Prof. Steinberg ။ ။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို Pluralism (ခေါ်) ဗဟုဝဝါဒဘက်ကို ပိုပြီးတော့ ရွေ့လျားသွားမယ်လို့ ထင်ပါတယ်။ […]