ylliX - Online Advertising Network

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက တို့ ပိုမိုနက်ရှိုင်းစွာပူးပေါင်းမည်ဟု ကတိပြု

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင် အဆိုပါသုံးနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ရာထူးမှဆင်းတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် အာရှစံတော်ချိန် တနင်္လာနေ့မနက်ပိုင်းက အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။ စီးပွားရေး၊ ရေကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာ အားကောင်း လာစေရေးနှင့် နက်ရှိုင်းစေရေး ကို ခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟု မားကို့စ်၏ ဆက်ဆံရေးရုံးက ပြောကြားခဲ့သည်။ နိုင်ငံတကာဥပဒေ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ဝါရှင်တန်တွင် မားကို့စ်၊ ဘိုင်ဒင်နှင့် ယခင်ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့၏ ပထမဆုံးအကြိမ် […]