ထိုင်းနိုင်ငံ အောက်လွှတ်တော်ကို ဖျက်သိမ်းရန် ထွက်ပေါ်နေသော ကောလာဟလ သတင်းများကို ထိုင်းဝန်ကြီးချုပ် ပယ်ထုန်တန် (Paetongtarn Shinawatra) က ပယ်ချလိုက်ပြီး ထိုသို့ ကောလာဟလများ ပျံ့နှံ့လာသည်ကို သူမ အံ့ဩမိကြောင်း ပြောသည်။ ထိုကဲ့သို့ ကောလာဟလ သတင်းထွက်ပေါ်လာခြင်းမှာ ချင်းမိုင်ခရိုင် ရွေးကောက်ပွဲတွင် Pheu Thai ပါတီ ကိုယ်စားလှယ်လောင်း မဲဆွယ်ရာမှာ ကူညီရင်း ဒီဇင်ဘာလ ၂၄ ရက်နေ့က ဝန်ကြီးချုပ်၏ ဖခင် သက်ဆင်ပြောစကားက စတင်ခဲ့သည်ဟု သိရသည်။ “ဒီကိစ္စကို ဘယ်သူကမှ အစိုးရ မှာ မတင်ပြဘူး။ ဒီအကြံအစည်က ဘယ်လိုဖြစ်လာတာလဲဆိုတာ ဘယ်သူကမှ နားမလည်ဘူး” ဟု ထိုင်းဝန်ကြီးချုပ် ပယ်ထုန်တန်က သတင်းထောက်များက ပြောသည်။ လက်ရှိဝန်ကြီးချုပ် ပယ်ထုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း […]
၂၀၂၄၊ ဒီဇင်ဘာ ၉ ပြင်သစ်နိုင်ငံကိုရောက်ရှိနေတဲ့ ရွေးကောက်ခံ အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အား ပြင်သစ်သမ္မတ မာခရွန်က ပွဲစားလုပ်ကာ ယူကရိန်းသမ္မတ ဇီလန်စကီ နှင့်တွေ့ဆုံစေခဲ့သည်။ သူတို့၂ ဦး ၃ကြိမ် တွေ့ဆုံပြီးနောက် ထရမ့်တောင်းဆိုသည့် အပစ်အခတ်ရပ်ဆဲရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက်များကို ဇီလန်စကီက ပယ်ချခဲ့သည်ဟု သိရပါသည်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထရမ့်က ၎င်း၏ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်သော Truth တွင် “ အပစ်ရပ်ရေးနဲ့ ငြိမ်ချမ်းရေး ဆွေးနွေးပွဲက ချက်ခြင်းစသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် သဘောတူညီမှုတစ်ရပ်ရပ်ကို စလုပ်လိုက်ပေါ့။ ယူကရိန်းတွေ ရူးနေတာကို ရပ်လိုက်ဖို့သင့်တယ်”ဟု ရေသားဖော်ပြခဲ့ပါသည်။ ဇီလန်စကီ၏ အိတ်စ်မီဒီယာ ( ယခင်တွစ်တာ) အကောင့်တွင်မူ “ ပြဿနာတစ်ရပ်ကို စာရွက်လေးတစ်ရွက် ပေါ်မှာ လက်မှတ်လေး နည်းနည်းထိုးပြီး […]