ylliX - Online Advertising Network

AA ထိန်းချုပ်ထားတဲ့ ဆမီးမြို့ ထွေအုပ်ရုံး ဗုံးကြဲခံရပြီး မီးလောင်ပျက်စီး

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ထွေအုပ်ရုံးကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ည ၁၁ နာရီကျော်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုလည်း ရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ဆမီးမြို့ကို AA ထိန်းချုပ်တဲ့ တစ်နှစ်ပြည့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။   “ဂျက်ဖိုက်တာ တစ်စင်းနဲ့ ထွေအုပ်ရုံးကို မနေ့ညက ၁၁ နာရီ ၁၂ မိနစ်အချိန်လောက်မှာ ဗုံးသီး နှစ်လုံးကြဲတယ်။ ည ၁၁ နာရီ ၁၅ မိနစ်အချိန်လောက်မှာ ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ထပ်ကြဲတယ်။ […]

ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူးနဲ့ တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်သေဆုံးလို့ AA ထုတ်ပြန်

အာရက္ခတပ်တော်(AA)ရဲ့ ဒီဇင်ဘာ တစ်လအတွင်း လေးမြို့မြောက်အဖြစ်သိမ်းလိုက်တဲ့ ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မ(၁၁)တပ်မမှူးနဲ့ တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီအင်အား ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။   ဂွမြို့ မကျစေဖို့ စစ်ကောင်စီရဲ့ တပ်မ-၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦး နဲ့ ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့က အပြင်းအထန် ခုခံကာကွယ်ခဲ့ပေမဲ့ AA ထိုးစစ်ကို မခံနိုင်ဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။   တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ သံချပ်ကာတချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း AA က ပြောပါတယ်။   စစ်ကောင်စီက အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို သံချပ်ကာပစ်ကူ၊ လေကြောင်း၊ […]