ylliX - Online Advertising Network

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မဒိန်ကွင်း စနစ်ကျစက်မှုလယ်ယာ ဧက ၁၀၀ မိုးစပါးစံပြစိုက်ကွင်းအတွင်း ဆောင်းသီးထပ်လယ်သီးနှံအဖြစ် နေကြာနှင့် ပဲပုပ်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်၊ ဝန်ထမ်းများအား ဟင်းသီးဟင်းရွက်များ ပေးအပ်

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း သီးထပ်စိုက်စွမ်းအား ၂၀၀ ရာခိုင်နှုန်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းအားဖြင့် ဒေသတွင်းစားဆီဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် ရရှိရေးအတွက် (၅)နှစ် စီမံကိန်းချမှတ်၍  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၁၉ ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ မဒိန်ကွင်းသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစီအစဉ်ဖြင့် မိုးစပါးရည်မှန်းချက် အထွက်နှုန်းရရှိရေး စနစ်ကျစက်မှုလယ်ယာဧက (၁၀၀) စံပြစိုက်ကွင်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် မဒိန်ကွင်းအတွင်း မိုးစပါးရိတ်သိမ်းပြီး ရိုးပြတ်ကျန် လယ်ဧက ၁၀၀ လုံးတွင် နေကြာစိုက်ဧက ၅၀ နှင့် ပဲပုပ်စိုက်ဧက ၅၀ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် […]

လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်. အထ.က(၂) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ ဘင်ခရာအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ပေးအပ်

  လိူင်သာယာ၊ ဒီဇင်ဘာ ၁၈  ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊အမှတ်(၁၂)ရပ်ကွက်၊ မန္တလေးလမ်းမရှိ အထက(၂)ကျောင်းရှိ ကျောင်းသား/သူ(ဘင်ခရာ)အဖွဲ့အား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို နေ့လည် (၁ ၀၀) နာရီအချိန်တွင်ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး၊ မြိုနယ်ပညာရေးမှူး၊ လှိုင်သာယာ(အရှေ့ပိုင်း)စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ အရှေ့ပိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမူးတို့ လာရောက်ကြည့်ရူ့အားပေးခဲ့ပြီး အလူငွေများပေးအပ်ပြီး  ကျောင်းအုပ်ဆရာကြီးဦးမြင့်အောင်ထွန်းနှင့် ဆရာ/မများမှ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ အုပ်ချုပ်ရေးမှူးနှင့် ရာ/ဆယ်မှုးများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား နေ့လည်(၁ ၃၀)အချိန်ပြီးဆုံးခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link

မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးထံ ခန့်အပ်လွှာ (မိတ္တူ) ပေးအပ် (၁၅-၁၁-၂၀၂၄ ရက်)

(၁၅-၁၁-၂၀၂၄ ရက်၊ မော်စကို) ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ၁၄-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) မင့်စ်စံတော်ချိန် နံနက် ၀၉၃၀ နာရီတွင် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ၎င်း၏ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအလားအလာများနှင့် ဆောင်ရွက်သွား ရန်ရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာရှ၊အာဖရိကနှင့် လက်တင်အမေရိကဌာန ညွှန်ကြားရေးမှူးချုပ် Mr. Dmitry MIRONCHIK ဦးဆောင်သည့် တာဝန်ရှိသူများနှင့် […]

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ အမယ်(၃)မျိုးနှင့် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်

တောင်ကြီး၊ နိုဝင်ဘာ ၁၁ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ရှမ်းပြည်နယ် (တောင်ပိုင်း) PNO အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ နောင်မွန်ပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ KNG အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ ကမစညအသွင်ပြောင်းပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ မော်ချီးပြည်သူ့စစ် (ဌာနေ) အဖွဲ့၊ လွိင်လင်လေးပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ အင်းလေး ပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ ရွာငံမြိုမ ပြည်သူ့စစ် (ဌာနေ)အဖွဲ့၊ ပင်းတယပြည်သူ့စစ်(ဌာနေ)အဖွဲ့၊ လုံခုတ်ပြည်သူ့စစ် (ဌာနေ)အဖွဲ့နှင့် ပေါင်းလင်းပြည်သူ့စစ် (ဌာနေ) အဖွဲ့ များအား ဆန်၊ ဆီ၊ဆား အမယ် (၃)မျိုးနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး […]