ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တွေက အရွယ်ရောက်သူတွေကို စစ်မှုထမ်းဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့် ဖယ်ခုံ၊ ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ် တွေမှာ စစ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ PNO အဖွဲ့ ထိန်းချုပ် နယ်မြေတွေမှာ တအိမ်ထောင်တယောက် စစ်မှုမထမ်းမနေရ ဖိအားပေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။ ရှမ်းပြည်တောင်ပိုင်းမှာ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ အခြေစိုက်လှုပ်ရှားနေတဲ့ ပင်လောင်းနဲ့ ဖယ်ခုံမြို့ နယ်မှာ ကျေးရွာတွေကို တအိမ်တယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ ဖိအားပေးနေပါတယ်။ အဓိက ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေမှာ PNO က အဓမ္မစစ်သားစုဆောင်းပြီး စစ်သင်တန်းတွေ ပေးနေတယ် လို့ နာမည်မဖော်လိုတဲ့ ဒေသခံတဦးက ဗွီအိုအေကို […]