ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခုခံနေရတဲ့ ယူကရိန်းအတွက် နောက်ထပ် လက်နက်ခဲယမ်းနဲ့ စစ် လက်နက်ပစ္စည်း ဒေါ်လာသန်း ၅၀၀ ဖိုး သမ္မတဂျိုးဘိုင်ဒင်အစိုးရသက်တမ်း မကုန်ဆုံးမီ နောက်ဆုံးအဖြစ် ထောက်ပံ့ပေးသွားမယ်လို့ အမည်မဖေါ်လိုတဲ့ အမေရိကန်အစိုးရတာဝန်ရှိသူက VOA ကိုပြောခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ ကြာသပတေးနေ့ ဂျာမနီနိုင်ငံ Ramstein မှာကျင်းပမယ့် ယူကရိန်းကာကွယ်ရေး မဟာမိတ်များအစည်းအဝေးကို အမေရိကန်ကာကွယ်ရေးဝန် Lloyd Austin နောက်ဆုံးအနေနဲ့ တက်ရောက်မှာဖြစ်ပြီး အဲဒိအစည်းအဝေးမှာ ထုတ်ဖေါ်ကြေညာမယ်လို့ အမေရိကန် အရာရှိက VOA ကိုပြောခဲ့ပါတယ်။ ဒီနိုင်ငံ ၅၀ ပါဝင်တဲ့ မဟာမိတ်တွေရဲ့ အစည်းဝေးကို ယူကရိန်း သမ္မတ Volodmyr Zelenskyy လည်း တက်ရောက်မှာဖြစ်ပါတယ်။ ဒီကနေကြာသပတေးနေ့မှာပဲ ရုရှားနဲ့ယူကရိန်းကြား ဒရုန်းတွေ မစ်ဇိုင်းဒုံးတွေနဲ့အပြန်အလှန်ပစ် ခတ်တိုက်တိုက်ကြပါတယ်။ ရုရှားက ယူကရိန်းမြို့တော် Kyiv […]
စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စစ်တပ်ရဲ့ eVTOL […]
အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းကာ မွန်တပ်တော် တစ်ရပ်ပေါ်ထွန်းလာရန် သဘောတူညီခဲ့ပြီး ပူးတွဲစစ်ရေးလှုပ်ရှားမှုများ စတင်သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့များထံက သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် မွန်လက်နက်တော်လှန်ရေး အင်အားစုများ ဖြစ်သည့် မွန်ပြည်လွတ်မြောက် ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA – AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ယမန်နေ့ က တော်လှန်ရေးနယ်မြေ တစ်ခုတွင် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်အစည်းအဝေး ပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “ကျွန်တော်တို့ တကွဲတပြားဖော် ဆောင်နေတာထက်စာရင် တစုတစည်းတည်းဖော်ဆောင်တာမျိုးက ပိုပြီးတော့ထိရောက်တယ်။ ပိုပြီးတော့လည်း သဘာဝကျတယ်။ ဒါကြောင့် ကျွန်တော်တို့က တပ်တော် တစ်ခုတည်း ဖြစ်ပေါ် လာရေးမူကို ချမှတ်လိုက်တာဖြစ်ပါတယ်”ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော် […]