ylliX - Online Advertising Network

ဖားကန့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၇ ဦးသေဆုံး – Kachin News Group (KNG)

ဖားကန့် မြို့နယ် ဆန်ခါ နဲ့ မဇွပ်ယန်ကျေးရွာ နှစ်ရွာဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀  ဦးကျော်အထိ ရှိတယ်လို့ တယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်အချိန် မန္တလေးတံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ဆန်ခါနဲ့ မဇွပ်ယန်ကျေးရွာနှစ်ခုမှာ ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ အရပ်သား ၇ ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုဖြစ်သွားတဲ့နေရာက မဇွပ်ယန်နဲ့ ဆန်ခါကြားမှာလို့ပြောလို့ရမယ်။ တက်လာတဲ့အချိန်မှာ ၃ ကြိမ်၊ ပြန်ခေါက်သွားတဲ့အချိန် ၃ ကြိမ် ၊ စုစုပေါင်း ၆ ကြိမ်လောက် ကြဲသွားတယ်။ ဆန်ခါဘက်မှာက […]

ယနေ့ ဖားကန့် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အရပ်သား (၈) ဦးသေဆုံး

RNA_ဖားကန့်၊ ဇန်နဝါရီ(၁၃)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါရွာနှင့် ကျေးရွာအနီး မြေစာပုံနေရာအချို့အား ယနေ့ နံနက်ပိုင်းက စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ‌ဗုံးနှစ်လုံးကြဲချမှုအပြင် စက်လက်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အရပ်သား ပြည်သူ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၂) ဦး သေဆုံးခဲ့ရသည်။ #RedNewsAgency #REDNEWS #RNA Source link

ဖားကန့် နွံကန်ပေါက်ကျမှု နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေ 

ကချင်ပြည် ဖားကန့်မြို့နယ် စပေါ့ကျေးရွာ နွံကန်ပေါက်ကျမှုကြောင့် သေဆုံးမှု နှင့် ပျောက်ဆုံးမှုများ ရှိနေသည့်အပြင် စစ်ကောင်စီဗုံး၏ လေကြောင်းဗုံးကြဲမှုကြောင့်  သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေကြောင်း သိရသည်။ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ  ယနေ့ (ဇန်နဝါရီလ ၁၃ ရက် ) နံနက် ၁ နာရီခန့်တွင် နွံကန်ပေါက်ကျမှုကြောင့် လက်ရှိတွင် သေဆုံးသူ ၁၂ ဦးထိ တွေ့ရှိထားပြီး ၊ နေအိမ်များစွာလည်း ပျက်စီးခဲ့ရကြောင်း ဖားကန့်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းပြည်သံတော်ဆင့်ကို ပြောသည်။  “မြေပြိုတာမဟုတ်ဘူး။ နွံကန်ပေါက်‌တာ အရင်တုန်းက သူတို့ကျောက်တွေရှာတဲ့ ကန် အဲ့ကန် ပေါက်ကျ တာပေါ့။အခုကတော့ လူပျောက် တာကများတယ်။တချို့ကလည်း ရာချီတယ်လို့ပြောတယ် အတည်ပြုလို့တော့ မရသေးဘူး။အခုလက်ရှိတော့ အလောင်းကတော့ ၁၂ ယောက်လောက်ပဲ တွေ့အုံး မယ်။အိမ်ကတော့ ၅၀ ကျော်တယ်”ဟု ဖားကန့်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။  ဖားကန့် လေကြောင်းဗုံးကြဲ အလားတူ ဖားကန့်မြို့နယ် […]