ylliX - Online Advertising Network

မန်ယူအသင်းက ကက်စ်မဲရိုးအတွက် သင့်တော်သည့်ကမ်းလှမ်းမှုရရှိပါက လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အတည်ပြုကြေညာ

  မန်ယူအသင်းက ကက်စ်မဲရိုးအတွက် သင့်တော်သည့်ကမ်းလှမ်းမှုရရှိပါက လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း အတည်ပြုကြေညာ မန်ချက်စတာ  ဇန်နဝါရီ  ၂ ‌မန်ယူအသင်းက ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလတွင် ကွင်းလယ်ကစားသမား ကက်စ်မဲရိုးကို ခေါ်ယူရန် သင့်တော်သည့် ကမ်းလှမ်းမှုရရှိပါက လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ကွင်းလယ်ကစားသမား ကက်စ်မဲရိုးသည်  ၂၀၂၂ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သော်လည်း     ပြီးခဲ့သည့်ဘောလုံးရာသီက  ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရသကဲ့သို့ ယခုဘောလုံး ရာသီတွင်လည်း ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။ လက်ရှိကက်စ်မဲရိုးနှင့်မန်ယူအသင်းတို့စာချုပ် သက်တမ်းမှာ ၂၀၂၆ ခုနှစ် ဇွန်လအထိကျန်ရှိနေသေးသော်လည်း   မန်ယူအသင်းက   ဇန်နဝါရီလကစားသမားအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူအင်အားဖြည့်တင်းရန်အတွက် ကက်စ်မဲရိုးကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။ မန်ယူအသင်းသည် အသင်းကို အပြောင်းအလဲလုပ်ဆောင်ရန်ကြိုးပမ်းနေပြီး ကစားသမားသစ်များခေါ်ယူရန်အတွက် ဇန်နဝါရီလကစားသမားအပြောင်းအရွှေ့ကာလနှင့်လာမည့်နွေရာသီကစားသမားအ‌ပြောင်းအရွှေ့ကာလတို့တွင်   အသင်းမှကစားသမားအများစုကို ရောင်းချရန် ပြင်ဆင်နေကြောင်း […]

ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “ဖောင်းကားစားဖိုးကဲကြီး” ချန်နယ်လ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၎င်းက “ထိုင်းမှာထမင်းစားဖို့ အပြာရှင်ရှင်ကားတွေ ရိုက်ကူးပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရန် တစ်လကို မြန်မာငွေ သိန်း ၄၀၀ လောက်ရနေတဲ့ ပြည်ပေး CDM တစ်ဦးအား ထိုင်းတော်ဝင် ရဲတပ်ဖွဲ့မှ ဝင်ရောက်စည်းနင်းခဲ့ရာ လိင်တု သုံးချောင်း၊ ဝက်ဝံရုပ်တစ်ခု၊ ဖုန်းနဲ့ ကင်မရာ ၂ လုံး၊ ချောဆီ ၃ ဘူး၊ ကွန်ဒုံး ၁၈ ခု သိမ်းဆည်းရမိ” ဟုလည်း (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။ ထိုသတင်းအမှားကို […]